မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် စွဲဆိုခံထားရသော ကချင်လူငယ် ၄၈ ဦး ပြန်လွတ်

မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် စွဲဆိုခံထားရသော ကချင်လူငယ် ၄၈ ဦး ပြန်လွတ်
by -
မဇ္စျိမ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှ ကချင်လူငယ် ၄၈ ဦးအား တပ်မတော်မှ မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုခဲ့ရာမှ ဇွန်လ ၂၁ ရက်နေ့တွင် ဗန်းမော်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့ကြောင်း  သိရသည်။

“သူတို့ကို ၁၇/၁နဲ့ တရားစွဲထားတာ။ ဒီနေ့တော့ သတင်းပေးပျက်ကွက်တယ်ဆိုပြီးတော့ လွှတ်ပေးလိုက်တယ် လို့ အမိန့်ချလိုက်တယ်။ လွတ်ပေးချင်လို့ လွှတ်ပေးလိုက်တာပါ။ ချုပ်ရက်နဲ့ လွှတ်ပေးလိုက်တာပါ။ ခုလို အမိန့်ချတာက အဲဒီလူငယ်တွေက အပြစ်မရှိလို့ လွတ်မြောက်လာတာပါ” ဟု အဆိုပါလူငယ်များဘက်မှ ကူညီဆောင်ရွက်ပေးနေသူ Shingnip အဖွဲ့မှ တရားလွတ်တော်ရှေ့နေ ဦးခွန်နောင်က မဇ္စျိမကို ပြောသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က စိုက်ပျိုးရေးနှင့် ဥပဒေရေးရာသင်တန်းများ သွားရောက် တက်ရောက်ခဲ့သော လူငယ် ၄၉ ဦး ကုုိ စစ်သင်တန်းတက်ရောက်ခဲ့သည်ဟု ဆိုကာ ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟုု သိရသည်။

လွတ်မြောက်လာသူ ၄၈ ဦးသည် ယနေ့ညတွင် ဗန်းမော်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဘုုရားကျောင်းတွင် တည်းခုုိ်နေသည်ဟုု ယင်းဘုုရားကျောင်းမှ သိက္ခာတော်ရ ဆရာတူးဂျာက ပြောသည်။

“ပြန်လွတ်လာပြီ။ ဒီနေ့ညနဲ့ မနက်ဖြန် တစ်ရက် ကျွန်တော်တို့ဘုုရားကျောင်းမှာ နားပြီး သဘက်ခါ သူတို့ နေရပ်ကို ပြန်ကြမယ်။ တယောက်တော့ တပ်ပြေးဖြစ်လို့ဆိုပြီး ရ နှစ်ချလိုက်တယ်”ဟု သူက မဇ္စျိမကုုိ ပြောသည်။

ယင်းလူငယ်များသည် ဖွံ့ဖြိုးရေးသင်တန်း တက်ရောက်ရန်အတွက် ခရစ်ယာန်ဂုုိဏ်းပေါင်းစုံုမှ လူငယ်များက KIO ထိန်းချုပ်နယ်မြေ လုုိင်ဇာတွင် သင်တန်း တစ်လကြာ တက်ရောက်ခဲ့ပြီး အပြန် ကချင်ပြည်နယ် လွယ်ဂယ်ကားလမ်းတွင် ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ လူငယ်များထဲမှ အမျိုးသား ၄၃ ဦးနှင့် အမျိုးသမီး ၆ ဦးတုုိ့ ပါဝင်ကြောင်း သိရသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...