ICRC အနေဖြင့် စစ်ဘေးသင့်ဒေသများကို သွားရောက်ရာတွင် အခက်အခဲအချို့ရှိ

ICRC အနေဖြင့် စစ်ဘေးသင့်ဒေသများကို သွားရောက်ရာတွင် အခက်အခဲအချို့ရှိ
by -
မဇ္ဈိမ
 မြန်မာနိုင်ငံအတွင်း စစ်ဘေးသင့်ဒေသများရှိ ဘုန်းကြီးကျောင်း၊ အကျဉ်းထောင်နှင့် အလုပ်ကြမ်းစခန်းများသို့ ပုံမှန်သွားရောက် ကူညီထောက်ပံ့မှုများ ရှိသော်ငြား ကြိမ်ဖန်များစွာ သွားရောက်နိုင်ရေးအတွက်မူ အခက်အခဲများစွာ ရှိနေကြောင်း နိုင်ငံတကာကြက်ခြေနီအသင်း(ICRC) မှ ဌာနေကိုယ်စားလှယ် ယု(ဂ်)မွန်တာနီ ကဆိုသည်။

"ကျွန်တော်တို့အနေနဲ့ကတော့ အခွင့်ရှိရင် သွားချင်တယ်။ ကိုယ်သွားချင်တဲ့နေရာကို ရွေးပြီး စိတ်ကြိုက်သွားချင်တာ။ နောက်ပိုင်းမှာလည်း စစ်ဘေးသင့်ဒေသတွေကို ခဏခဏသွားဖို့ဆိုတာကတော့   ဖြစ်ကောင်းဖြစ်လာမှာပါ။ ဒါပေမဲ့ ဒီကိစ္စက နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်လုပ်ရတာဆိုတော့ သူတို့ဘက်ကိုလည်း နားလည်ပေးဖို့လိုတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကို အဲ့ဒေသတွေဆီသွားခွင့်ပေးနိုင်ဖို့အတွက်ကို ထောက်ခံချက်တွေရအောင် သူတို့နဲ့ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ရတာကြောင့်ပါ။" ဟု နိုင်ငံတကာကြက်ခြေနီအသင်း(ICRC) မှ ဌာနေကိုယ်စားလှယ် ယု(ဂ်)မွန်တာနီ က ပြောသည်။

နိုင်ငံတကာကြက်ခြေနီအသင်း(ICRC) အနေဖြင့် ၂၀၁၆ ဇူလိုင်လမှစ၍ အောက်တိုဘာလအထိ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များသို့ သွားရောက်ကာကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်အတွင်း ၂၀၁၆ စက်တင်ဘာလ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာခဲ့သည့် စစ်ဘေးရှောင်ပြည်သူ (၅၀၀၀) ကျော်အား ICRCနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က ကူညီခဲ့သည်။

၄င်းတို့အား အခြခံလိုအပ်သည့် ခြင်ထောင်၊ အမှိုက်ပုံး၊ အိပ်ရာခင်းဖျာများနှင့် နေရောင်ခြည်သုံးမီးအိမ်တို့ကို ထောက်ပံ့ပေးခဲ့သည်။

အကျဉ်းထောင်များနှင့်ပတ်သတ်၍ ရေရရှိရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေးစောင့်ရှောင့်နေထိုင်မှုအခြေအနေများ၊ အကျဉ်းသားများအားဆက်ဆံပုံနှင့် မိသားစုဆက်သွယ်ပေးခြင်းတို့ကို တိုးတက်စေရန် အကျဉ်းထောင်များသို့ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါကူညီမှုကြောင့် အကျဉ်းသားများထံသို့ မိသားစု (၆၂၈)စု ထောင်ဝင်စာသွားရောက်တွေ့ဆုံနိုင်ခဲ့ပြီး လွှတ်မြောက်လာသူ အကျဉ်းသား (၆၀၀) ကျော်ကို လုံခြံုစွာ အိမ်ပြန်နိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...