UNFC အဖွဲ့ဝင် အသစ်အဖြစ် ၅ဖွဲ့လျောက်ထားသော်လည်း ယခုညီလာခံတွင် မဆုံးဖြတ်သေး

UNFC အဖွဲ့ဝင် အသစ်အဖြစ် ၅ဖွဲ့လျောက်ထားသော်လည်း ယခုညီလာခံတွင် မဆုံးဖြတ်သေး
by -
မဇ္ဈိမ
ညီညွတ်သော တုုိင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အသစ် အဖြစ် လျောက်ထားသော တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၅ ဖွဲ့ရှိသော်လည်း ယခုု ညီလာခံတွင် ဆုံုးဖြတ်မည်မဟုုတ်ကြောင်း UNFC ဒုုဥက္ကဌ နုုိင်ဟံသာက ပြောသည်။

“ကေအုုိင်အုုိ နုုတ်ထွက်ရင် ကေအန်အုုိအနေနဲ့ပြန်ဝင်ဖုုိ့ ရှိနုုိင်တယ်။ ကေအန်အုုိဆုုိတာ အရင်ကတည်းက UNFC စဖွဲ့တုန်းကတော့ပါတယ်ဗျ၊ CNF ကျနော်တိုု့ ယာယီထုုတ်ထားတာ သူတိုုက ပြန်ဝင်ချင်တယ်။ နောက် အဆုုိပြုထားတဲ့အဖွဲ့ ကူကီးဆုုိတဲ့ အမျိုးသားအဖွဲ့ (ကေအန်အုုိ)ပဲ။ အဲဒါလည်း လျှောက်ထားတာ ကြာပြီ။ အဲဒါလည်း စဉ်းစားပေးရမယ်။ နောက် တဖွဲ့က ဇူမီအဖွဲ့ကလည်း အဖွဲ့ဝင်ဖြစ်ဖုုိ့ လျှောက်ထားတာ ဒါကိုုလည်း စဉ်းစားပေးရမယ်”ဟုု နုုိင်ဟံသာက ပြောသည်။

သုုိ့သော် UNFC အဖွဲ့အသစ်အဖြစ် လျှောက်ထားသော အဖွဲ့ဝင်အသစ်များအား လက်ခံ၊ မလက်ခံကိုမူ ယခုု ကျင်းပနေသော ညီလာခံတွင် မူအားဖြင့် ဆွေးနွေး၍ နောက်ပိုုင်း ကော်မတီသစ် တစ်ရပ်ဖွဲ့စည်းကာ ဆုံုးဖြတ်သွားမည်ဖြစ်သည်။

UNFC တွင် အဖွဲ့ဝင် အသစ်များ တုုိးလာမည်ဆုုိပါက အစုုိးရအနေဖြင့် ဆက်လက် ညှိနှိုင်းသွားမည် မဟုုတ်ကြောင်း အစုုိးရဘက်မှ ပြောဆိုထားသည်။

ယင်းပြောဆိုချက်အပေါ် နိုင်ဟံသာက “ဒါကတော့ သူတိုု့အနေနဲ့ ဒီလုုိ ပြောလာတဲ့ဆုုိတဲ့ဟာမှာ ဒုုိ့ဆွေးနွေးနေတဲ့ NCA ကိစ္စမှာ အဖွဲ့အသစ်တွေဆုုိရင်တော့ နောက်ထပ် စဉ်းစားရမလားဆုုိတဲ့ အနေအထားကြောင့်ပဲလုုိ့ ထင်တယ်။ အမှန်ကတော့ ဒုုိ့လည်း နည်းလမ်းရှာမှာပါ။ ဥပမာ သူတိုု့ကတော့ အစကတည်းက NCAကိစ္စမှာ မပါတော့ သူတုုိ့ ကိစ္စကုုိ နောက်ချန်ထားမယ်။ ကျနော်နဲ့အရင်ကတည်းက ပါလာတဲ့ အဖွဲ့တွေနဲ့ အန်စီအေ ကိစ္စကုုိ စဉ်းစားသွားလုုိ့ ရပါတယ်။ ဒါပေမဲ့ သူတုုိ့ကုုိလည်း ကျနော်တုုိ့ကတော့ အားတခုုအနေနဲ့လက်တွဲသင့်ရင်တော့ လက်တွဲသွားမှာပါ”ဟုု နုုိင်ဟံသာက ပြောသည်။

ယခုကျင်းပနေသည့် ညီလာခံတွင် UNFCအဖွဲ့ဝင် အဖြစ်မှ နုုတ်ထွက်စာတင်ထားသော အဖွဲ့ဝင်များကိစ္စကို အပြန်အလှန် ဆွေးနွေးပြီး ဆက်လက် လက်တွဲနုုိင်သည့် နည်းလမ်းများ ရှာဖွေသွားမည်ဟုလည်း ၎င်းက ပြောသည်။

KIO က နုုတ်ထွက်စာတင်ထားသော်လည်း နုုတ်ထွက်ရန် မသေချာသေးဟုဆိုသည်။ ဝ အမျိုးသားအဖွဲ့ချုပ် (WNO)ကမူ ၎င်းတုုိ့ အဖွဲ့ကုုိ ဖျက်သိမ်းကာ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)နှင့် ပူးပေါင်းရန်ရှိသဖြင့် နုုတ်ထွက်ရန် သေချာနေ သလောက် ရှိနေပြီဟုလည်း ၎င်းက ဆိုသည်။

အလားတူ နုုတ်ထွက်စာတင်ထားသော ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားတပ်(PSLF//TNLA )နှင့် မြန်မာအမျိုးသား ဒီမုုိကရေစီ မဟာမိတ်တပ်-ကုုိးကန့်တပ်ဖွဲ့ (MNDAA)တုုိ့က နုုတ်ထွက်၊ မထွက် ညီလာခံတွင် ဆုံုဖြတ်မည် ဖြစ်သည်။ ယနေ့ ကျင်းပသော ညီလာခံတွင်လည်း အဆိုပါအဖွဲ့ ၂ဖွဲ့ တက်ရောက်လာခြင်း မရှိပေ။

ယနေ့ ကျင်းပနေသော ညီလာခံတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တုုိးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တုုိးတက်ရေးပါတီ (SSPP)၊ ရခုုိင်အမျုုုိးသားကောင်စီ (ANC)၊ လားဟူ ဒီမုုိကရက်တစ် အဖွဲ့အစည်း (LDU) တုုိ့ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများ တစ်ဖွဲ့လျှင် ကုုိယ်စားလှယ် ၅ ဦးစီ အပါအဝင် စုုစုုပေါင်း ၅၀ ခန့် တက်ရောက်နေသည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...