(၄) ကြိမ်မြောက် သိန်းတစ်သောင်းဆုကို ပင်လောင်းမြို့ စိုက်ပျိုးရေးခြံလုပ်ကိုင်သူ ကံထူး

(၄) ကြိမ်မြောက် သိန်းတစ်သောင်းဆုကို ပင်လောင်းမြို့ စိုက်ပျိုးရေးခြံလုပ်ကိုင်သူ ကံထူး
by -
မဇ္ဈိမ
(၄)ကြိမ်မြောက် ဖွင့်လှစ်ခဲ့သည့် ့ သိန်း၁၀၀၀၀ ဆုကို ပင်လောင်းမြို့မှ စိုက်ပျိုးရေးခြံ လုပ်ကိုင်သူက ကံထူးရရှိခဲ့သည်။

အောင်ဘာလေထီ န ၁၇၅၆၉၆ နံပါတ်ဖြင့် ပင်လောင်းမြို့ ပင်တလဲရွာသား ရေဦးရွာတွင် နေထိုင်သူ ခွန်မိုးသွင်က ကံထူးရှင် ဖြစ်ခဲ့သည်။

"ထီပေါက်တယ်ကြားတော့ ပျော်တာပေါ့ အစ်ကိုရာ၊ ခုတော့ တောင်ကြီးမှာပဲ၊ ဘာဆက်လုပ်မယ်ဆိုတာက အစီအစဉ်မရှိသေးပါဘူး၊ ဆုငွေထုတ်ပြီးမှပဲ အစီအစဉ်တွေ ပြောပြလို့ရနိုင်မယ်လေ၊ လက်ရှိအလုပ်အကိုင်ကတော့ စိုက်ပျိုးရေးခြံလုပ်ငန်းပေါ့၊ အိပ်မက်မက်လို့ ထီထိုးဖြစ်ခဲ့တာပါ" ဟု (၄) ကြိမ်မြောက် သိန်းတစ်သောင်း ကံထူးရှင် ခွန်မိုးသွင် က မဇ္ဈိမသို့ ပြောသည်။

ဇွန်လ ၂၅ ရက် မနက်က ထီဆိုင်ဖွင့်ဖွင့်ခြင်းမှာပင် ထီ ၅စောင်တွဲကို ဆရာမဒေါ်ကြည်ဝင်း သိန်းသိန်းသန်း (လှိုင်းသစ်ဓါတ်ပုံဆိုင် ) ၀င်ရောက်ထိုးခဲ့ ထီထိုးခဲ့ခြင်းဖြစ်ပြီး သိန်းတစ်သောင်းဆုကို ကံထူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂ ရက်နေ့တွင် ဆရာမဒေါ်ကြည်ဝင်းကိုတွေ့ချိန်မှ သိန်း ၁၀၀၀၀ ဆုပေါက်ကြောင်းသိရှိခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် စိုက်ပျိုးရေး ခြံလုပ်ငန်းလုပ်ကိုင်နေရပြီး မိသားစု အခြေအနေ အကျပ်အတည်းအခက်အခဲများဖြင့် ဖြတ်သန်းနေရကြောင်းသိရသည်။

အဆိုပါ ထီဆုငွေထုတ်ယူရန် များမကြာမီရက်ပိုင်း ရန်ကုန်သို့ရောက်ရှိမည် ဖြစ်ပြီး ၃ ကြိမ်မြောက် သိန်း ၁ သောင်းဆုကို ရှမ်းပြည်နယ်၊ ပင်လုံမြို့မှ ဆွတ်ခူးခဲ့သည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...