UNFC ညီလာခံတွင် တုုိင်းရင်းသားအဖွဲ့အစည်း ၂၁ ဖွဲ့ကုုိ ဖိတ်ကြားထားပြီး နှစ်ပုုိင်းခွဲ၍ ကျင်းပသွားမည်

UNFC ညီလာခံတွင် တုုိင်းရင်းသားအဖွဲ့အစည်း ၂၁ ဖွဲ့ကုုိ ဖိတ်ကြားထားပြီး နှစ်ပုုိင်းခွဲ၍ ကျင်းပသွားမည်
by -
မဇ္ဈိမ
ညီညွတ်သော တုုိင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ညီလာခံကုုိ ဇွန်လ ၂၀ ရက်တွင် စတင်၍ ရက်သတ္တပတ်ကျော်ကြာ ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် အပိုင်းနှစ်ပုုိင်းခွဲ၍ ကျင်းပသွားမည် ဖြစ်ကြောင်း UNFC တွဲဘက်အတွင်းရေးမှူး (၁) ဦးထွန်းဇော်က ပြောသည်။

ညီလာခံတွင် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၂၁ ဖွဲ့ကုုိ ဖိတ်ကြားထားပြီဖြစ်ပြီး UNFC အဖွဲ့ဝင် အဖွဲ့စည်းများ ဆွေးနွေးပွဲပုုိင်း တစ်ပုုိင်းနှင့် အဖွဲ့ဝင်မဟုုတ်သော တခြားတုုိင်းရင်းသားလက်နက်ကုုိင်အဖွဲ့အစည်းများ ပါဝင်သော ဆွေးနွေးမှု တစ်ပုုိင်းအဖြစ် ကျင်းပသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

“အဖွဲ့ဝင်မဟုုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ဒီဖြစ်စဉ်ထဲမှာ အတူတကွ သွားရမှာပဲလေနော်။ တုုိင်းပြည်ပြန်လည် ထူထောင်ရေး လုုပ်မယ်ဆုုိလုုိ့ရှိရင် အဲ့အတွက် ကျနော်တိုု့ ဘုံုလုုပ်ငန်းစဉ်တွေ အဓိကဇောင်းပေးပြီး ဆွေးနွေးကြမှာပေါ့လေ”ဟုု ဦးထွန်းဇော်က မဇ္ဈိမကုုိ ပြောသည်။

UNFC အဖွဲ့အစည်းများမှ တစ်ဖွဲ့လျှင် ကုုိယ်စားလှယ် ရ ဦး နှင့် တခြား အဖွဲ့ဝင်မဟုုတ်သော အဖွဲ့အစည်းများမှ ကုုိယ်စားလှယ် ၅ ဦးနှုန်း တက်ရောက်ရန် ဖိတ်ကြားထားသည်ဟုု သူက ပြောသည်။

ညီလာခံတွင် UNFC ၏ ဖွဲ့စည်းပုံုများ ပြန်လည် သုံုးသပ်ခြင်း၊ အဖွဲ့၏ ဌာနဆုုိင်ရာ လုုပ်ငန်းစဉ်များ ပြန်လည် သုံုးသပ်ခြင်း၊ ခေါင်းဆောင်များ ပြန်လည်ရွေးချယ်တင်မြောက်ခြင်းနှင့် ရှေ့လုုပ်ငန်းစဉ်များ ပြုလုုပ်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ထုုိ့ပြင် UNFC အဖွဲ့ဝင် ၉ ဖွဲ့ထဲမှ အဖွဲ့ဝင်အဖြစ်မှ နုုတ်ထွက်ရန် စာသင်ထားသော အဖွဲ့ဝင်များ နုုတ်ထွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးဆုံုးဖြတ်သွားမည် ဖြစ်သည်။

ညီလာခံတွင် UNFC အဖွဲ့ဝင်အဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့ (KNO)မှ ပါဝင်နေသော ကချင်အမျိုးသားအစည်းအရုံုး (KNO)ကုုိ အဖွဲ့ဝင်သစ် ဖြစ်လာနုုိင်ကြောင်း သတင်းထွက်ပေါ်နေသည်။

UNFC ဥက္ကဌ တာဝန်ယူထားသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အပါအဝင် ဝ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)နှင့် မြန်မာအမျိုးသား ဒီမုုိကရေစီ မဟာမိတ်တပ်-ကုုိးကန့်တပ်ဖွဲ့ (MNDAA)တုုိ့က အဖွဲ့ဝင်အဖြစ်မှ နုုတ်ထွက်စာတင်ထားသည်။

၂၀၁၁ ခုုနှစ်က UNFC အဖွဲ့ဝင် ၁၂ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ရာ လက်ရှိတွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တုုိးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တုုိးတက်ရေးပါတီ(SSPP)၊ ရခုုိင်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမုုိကရက်တစ်အအဖွဲ့အစည်း (LDU) တုုိ့ ၅ ဖွဲ့ ကျန်နေသည်။

ပအိုုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နှင့် ချင်းအမျိုးသားတပ်ဦး(CNF) တုုိ့ နှစ်ဖွဲ့သည် အစုုိးရနှင့် တစ်နုုိင်ငံလုံုး ပစ်ခတ်တုုိက်ခုုိက်မှု ရပ်စဲရေးသဘောတူစာချုပ် (UNFC)ကုုိ လက်မှတ်ရေးထုုိးခဲ့သဖြင့် UNFC မှအဖွဲ့ဝင်အဖြစ်မှ ရပ်ဆုုိင်း လုုိက်သည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...