တပ်မတော်နှင့် KIA စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး စစ်ရှောင် လူ ၈၀၀ ခန့် တနုုိင်းမြို့ပေါ်သုုိ့ ရောက်ရှိလာ

တပ်မတော်နှင့် KIA စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး စစ်ရှောင် လူ ၈၀၀ ခန့် တနုုိင်းမြို့ပေါ်သုုိ့ ရောက်ရှိလာ
by -
မဇ္ဈိမ
ဇွန် ၆ရက်ကမ့်ကွမ်းချောင်းဝ မှ စစ်ပြေးရှောင်များကို လှေများဖြင့် ခေါ်ဆောင်စဉ်။ Photo Credit - Hkun Awng Nlam facebook
ဇွန် ၆ရက်ကမ့်ကွမ်းချောင်းဝ မှ စစ်ပြေးရှောင်များကို လှေများဖြင့် ခေါ်ဆောင်စဉ်။ Photo Credit - Hkun Awng Nlam facebook
ကချင်းပြည်နယ် တနုုိင်းမြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လတ်ရေးတပ် (KIA)တိုု့အကြား တုုိက်ပွဲဆက်လက်ဖြစ်ပွားနေကာ စစ်ရှောင်ဒုုက္ခသည် ၈၀၀ ခန့် တနုုိင်းမြို့ပေါ်သိုု့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တနုုိင်းမြို့မှ စစ်ရှောင်များကုုိ ကူညီပေးနေသူ ဓမ္မဆရာ ဦးနော်တောင်က ပြောသည်။

လက်ရှိ တနုုိင်းမြို့ပေါ် နှစ်ခြင်းခရစ်ယာန်ဘုုရားကျောင်းတွင် ၄၅၀ ဦး၊ ကက်သလစ်ဘုုရားကျောင်းတွင် ၁၃၉ ဦး၊ အေဂျီဘုုရားကျောင်းတွင် ၁၃၉ ဦးနှင့် အယ်လီကန်ဘုုရားကျောင်းတွင် ၁၈ ဦး စုုစုုပေါင်း ရ၅၅ ဦး တုုိ့ လာရောက် ခုုိလုံုနေသည်ဟုု ဆရာ ဦးနော်တောင်က ပြောသည်။

တုုိက်ပွဲ ရက်ရှည်လာပါက အဆုုိပါ ထွက်ပြေးလာသော စစ်ရှောင် ဒုုက္ခသည်ကလေးများအတွက် စားဝတ်နေရေးနှင့် ပညာရေးအတွက် အရေးတကြီး စီစဉ်ပေးရန် လိုုအပ်နေသည်ဟုု သူက ပြောသည်။

“ဒီမှာက ၈၀၀ လောက်ရောက်နေပြီ။ သူတုုိ့ကုုိ ကုုိယ့်ဘာသာရေးအသင်းကနေ ကျွေးနေကြတာ။ ကျနော်တုုိ့က တုုိက်ပွဲရက်ရှည်လာရင်တော့ ဒီဒုုက္ခသည်တွေကုုိ ဘယ်လုုိ လုံုလုံုခြံုခြံုနဲ့ စားသောက်ဖုုိ့၊ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး ကစပေါ့နော် ကျနော်တိုု့ ဒီမှာကြည့်နေတဲ့ ဆရာတွေက စုုိးရိမ်နေကြတယ်။ ဒီမှာရောက်နေတဲ့ ကလေးတွေက ရ၊ ၈ တန်းထိ ရှိတယ်” ဟု ၎င်းကပြောသည်။

သူက ဆက်လက်ပြီး “တုုိက်ပွဲတော့ ဒီနေ့လည်း ဆက်ဖြစ်နေတုုန်းပဲ။ လက်နက်ကြီး ပစ်သံတွေကြားနေရတယ်။ ဒီတနုုိင်းကနေ လမ်းကနေတောင် ကြားနေရတယ်။”ဟုု ပြောသည်။

ယမန်နေ့ က တနုုိင်းမြို့ တုုိက်ဖကျေးရွာတွင် ရောက်ရှိနေသော စစ်ရှောင်ဒုုက္ခသည်များအား တနုုိင်းမြို့မှ ဘာသာရေးအဖွဲ့အစည်းများက ကားဖြင့် သွားရောက်ခေါ်ယူနုုိင်ခဲ့သော်လည်း တချို့ င်္အဂါဂါး၊ ခန်းပရား၊ နမ့်ခမ်းစသည့် ကျေးရွာများမှ ဒေသခံ လူထုု ၂၀၀၊ ၃၀၀ ခန့် ရှိနေဆဲ ဖြစ်သလုုိ၊ တချို့ မှော်များမှ ပြောင်းရွှေ့လုုပ်သားများလည်း ရှိနေဆဲ ဖြစ်သည်ဟုု သူက ပြောသည်။

“မနေ့က တုုိက်ဖမှာရောက်ပြီး အကုုန်လုံုးကုုိတော့ ခေါ်ယူနုုိင်ခဲ့ပြီ။ ထောင်ဂဏန်းရှိတယ်။ မနေ့က ၄ နာရီထိ စောင့်တာမရှိတော့ဘူး။ ဒါပေမဲ့ မှော်ဘက်က လူတွေ ရှိသေးတယ်။ ရွှေမှော်တချို့က အစုုိးရဘက်က တရားမဝင်ဘူးဆုုိပေမယ့် ခုုထိ မပြန်ကြသေးဘူး။ သူတိုု့က သူတိုု့နေတဲ့နေရာနဲ့ တုုိက်ပွဲ နီးလာရင်တော့ တိမ်းရှောင်ကြမယ်ထင်တယ်။ တချို့က အရမ်းခက်ခဲတယ်။ ဒီဘက် ပြန်မယ်ဆုုိရင်လည်း လုုပ်ကုုိင်စားသောက်ဖုုိ့ခက်၊ ငွေတွေလည်း ကုုန်လာတော့ ပြန်လည်းမရဖြစ်နေကြတာ”ဟုု သူက ဆက်လက် ပြောဆုုိသည်။

ထုုိသုုိ့ ခေါ်ယူခဲ့ပြီးနောက်ရက်များတွင် အစုုိးရဘက်က ခွင့်မပြုခဲ့ပေ။ သိုု့သော် နောက်ပုုိင်းတွင် အစုုိးရဘက်မှ လမ်းတွင် ပိတ်မိနေသော စစ်ရှောင်များအား ကုုန်းလမ်းဖြင့် သွားရောက်ခေါ်ယူရန် ဇွန်လ ၁၂ ရက်နေ့ တစ်ရက်သာ ခွင့်ပြုခဲ့သည်ဟုု ဦးနော်တောင်က ပြောသည်။

လက်ရှိ KIA တပ်ရင်း ၂ လက်အောက်ခံ တပ်ရင်း ၁၄ နေရာမှ ၁၀ မုုိင်ခန့်အကွာအဝေးရှိ အင်္ဂါဂါးကျေးရွာအနီးတွင် တပ်မတော်မှ ထုုိးစစ်ဆင်မှုများ ရှိနေဆဲ ဖြစ်၍ စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟုု KIO မှ ပြန်ကြားရေးတာဝန်ခံ ဒုုဗုုိလ်မှူးကြီး နော်ဘူက ပြောသည်။

ဇွန်လ ၃ ရက်နေ့မှ စတင်၍ တပ်မတော်နှင့် KIA တုုိက်ပွဲပြင်းထန်လာပြီး ကျေးရွာအတွင်း လက်နက်ကြီးများ ကျရောက်လာသဖြင့် စစ်ရှောင် ရာနှင့်ချီက ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ထုုိစစ်ရှောင်များ လမ်းတွင် ပိတ်မိနေသဖြင့် ဇွန်လ ၆ ရက်နေ့က တနုုိင်းမြို့ရှိ ဘာသာပေါင်းစုံုမှတာဝန်ရှိသူများက စက်လှေဖြင့် သွားရောက် ခေါ်ယူခဲ့သည်။

မြန်မာ့တပ်မတော်မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ရန်အတွက် ဇွန်လ ၁၅ ရက် နောက်ဆုံုးထား၍ တနုုိင်းမြို့နယ်ရှိ ရွှေ၊ ပယင်းမှော်များတွင် လုုပ်ကုုိင်နေသော ရွှေ့ပြောင်းလုုပ်သားများအား ထွက်ခွာရန် အသိပေးစာ ထုုတ်ပြန်ခဲ့သလုုိ၊ KIA ဘက်မှလည်း တနုုိင်းလမ်းနှင့် ဖားကန့်လမ်းများပေါ်တွင် ည ရ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာဖြတ်သန်းခြင်း မပြုရန် အသိပေးစာထုုတ်ပြန်ခဲ့သည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...