စစ်ဘေးရှောင် ၆ နှစ်ပြည့် အခမ်းအနားများ နေရာအနှံ့ ကျင်းပ

စစ်ဘေးရှောင် ၆ နှစ်ပြည့် အခမ်းအနားများ နေရာအနှံ့ ကျင်းပ
by -
မဇ္ဈိမ
တပ်မတော်နှင့် KIO အကြား တုုိက်ပွဲ တကျော့ပြန် ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်လာသည့် ၆ နှစ်ပြည့် အထိန်းအမှတ် အခမ်းအနားများကုုိ ပြည်တွင်း ပြည်ပ မှ ကချင်လူမျိုးများက ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့သည်။

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တုုိက်ပွဲ ဆက်လက် ဖြစ်ပွားမှု အခြေအနေများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရှောင်ဒုုက္ခသည်များ၏ နောက်ဆုံုး အခြေအနေများကုုိ ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့မှ ကချင်လူထုုအဖွဲ့အစည်းများ ပြုလုုပ်သော အခမ်းအနားတွင် ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

“အခုုအဆုုိးဝါးဆုံုးကတော့ လူသားချင်းစာနာထောက်ပံ့တဲ့အကူအညီတွေ လျော့ချသွားတဲ့အတွက်ကြောင့် အရမ်း ဒုုက္ခရောက်နေတယ်။ ကျွန်မ မိုင်ဂျာယန် ကေအုုိင်အုုိထိန်းချုပ်နယ်မြေက ပါကထောင် စစ်ပြေး ဒုုက္ခသည်စခန်းမှာ တာဝန်ရှိတဲ့ လူတွေနဲ့ တွေ့တော့ ၂၀၁၅ ခုုနှစ် ဇန်နဝါရီလလောက်ကနေ တစ်လမှာ လူတစ်ဦးကုုိ ရ ဒေါ်လာထောက်ပံ့မှု လုံုးဝ ဖြတ်တောက် လုုိက်ပြီ။ ဖြတ်တောက်လုုိက်တော့ မိသားစုုတွေရဲ့ အနေအထားတွေက ပုုိပြီးမှ ခက်ခဲလာတယ်။ နောက်ဆက်တွဲ ဆုုိးကျိုးတွေက တရုုတ်နယ်စပ်မှာ နီးတဲ့အနေအထားမှာ အရွယ်ရောက်လာတဲ့ အမျိုးသမီးတွေဟာ တရုုတ်နယ်စပ်ကုုိ အလုုပ် ရမယ် ဆုုိပြီးတော့ ဖြားယောင်းပြီးမှ ရောင်းစားခံရတာတွေလည်း ဖြစ်လာတယ်။ စီးပွားရေး ကြပ်တည်းလာတော့ နှစ်ရှည်လာတဲ့ အချိန်မှာ စခန်းထဲမှာ ကျဉ်းကျဉ်းကြပ်ကြပ်နေရတဲ့ အနေအထားနဲ့   ထောက်ပံ့မှုတွေ မလောက်မငံ့နဲ့ နေရတဲ့ အနေအထားမှာ အမျိုးသမီးတွေ အဓိကတော့ ကျားမအပေါ်မှာ အခြေပြုတဲ့ အကြမ်းဖက်မှုက ပုုိပြီးမှ ဆုုိးဝါးလာစေပါတယ်”ဟုု ချင်းမုုိင်မြို့မှ ကချင်လူထုုအဖွဲ့အစည်းမှ ပြောရေးဆုုိခွင့် ရှိသူ မဂျူလီယာမရိပ်က ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် တပ်မတော်နှင့် တုုိ့အကြားဖြစ်ပွားနေသည့် တုုိက်ပွဲ ၆ နှစ်ကြာ ဖြစ်ပွားခဲ့သော အခြေအနေများနှင့် စစ်ဘေးရှောင်များ၏ အခြေအနေများ သိရှိနုုိင်ရန် အခမ်းအနား ကျင်းပရခြင်း ဖြစ်သည်ဟုု အခမ်းအနား စီစဉ်သူတစ်ဦးဖြစ်သူ ကချင်အမျိုးသမီးအစည်းအရုံုး (KWAT)မှ ထွေထွေအတွင်းရေးမှူး ဒေါ်မွန်းနေလီက ပြောသည်။

“ကျွန်မတုုိ့ ဒီနှစ်မှာ ၆ နှစ်ပြည့်ပြီ ဖြစ်တဲ့အတွက် တော်တော်လေး စိတ်မကောင်း ဝမ်းနည်းရတဲ့အခြေအနေဖြစ်တယ်။ ဒါကြောင့် တစ်ကမ္ဘာလုံုးမှာ ရှိတဲ့ ကချင်လူထုုတွေရဲ့ အသံကုုိ ထုုတ်ဖော်တာပေါ့နော်။ ဒီနှစ်ကတသံထဲ ထုုတ်ဖော်တာ ဖြစ်တယ်”ဟုု သူက သတင်းထောက်များကုုိ ပြောဆုုိခဲ့သည်။

လတ်တလော တပ်မတော်ဘက်မှ ရွှေ၊ ပယင်းမှော်များတွင် ဇွန် ၁၅ ရက်နောက်ပုုိင်း ထွက်ခွာရန် စာဖြန့်ကျဲခဲ့သဖြင့် ဒေသခံ ရွာသားများနှင့် ရွှေ့ပြောင်းအလုုပ်သမား အများအပြား တိမ်းရှောင်ပြီး တချို့မှာ တုုိ်က်ပွဲအတွင်း ပိတ်မိနေသည့် အခြေအနေများနှင့် ၆ နှစ်အတွင်း စစ်ဘေးရှောင်များ အခက်အခဲများကုုိ အခမ်းအနားတွင် ပြောဆုုိခဲ့သည်။

အစုုိးရ ထိန်းချုပ်သည့်ဒေသရှိ စစ်ဘေးရှောင်ဒုုက္ခသည်ကလေးများအတွက် ကျောင်းတက်နုုိင်ရေး အခွင့်အလမ်း ရှိနေသော်လည်း KIO ထိန်းချုုပ်သည့် ဒေသရှိ စစ်ရှောင်ဒုုက္ခသည်များ အတွက်မူ ကျောင်းသားဦးရေနှင့် ကျောင်းဆရာ၊ ဆရာ ဦးရေ လုံုလောက်မှု မရှိသည့် အခက်အခဲများလည်း ရှိနေသည်ဟုု သူက ပြောသည်။ ထုုိ့ပြင် KIO အထက်တန်းကျောင်းတွင်   အောင်မြင်သွားသူများအနေဖြင့် တက္ကသုုိလ်ကျောင်း ဆက်တက်ရန် အခွင့်အလမ်းလည်း မရှိသဖြင့် မျော်လင့်ချက် အလှမ်းဝေးနေသည်ဟုု သူက ပြောသည်။

“စစ်ဖြစ်လာတဲ့အချိန် လူ့အခွင့်အရေးချုုိးဖောက်မှုတွေ စဖြစ်တော့ အမျိုးသမီးတွေ အများကြီး လိင်ပုုိင်းဆုုိင်ရာ အကြမ်းဖက်မှုတွေဖြစ်တယ်။ ရုုိက်နှိက်မှုတွေ ကြံုရတယ်။ အဲဒီ အချိန်တုုန်းက ကျွန်မတုုိ့ မှတ်တမ်းက လိင်ပုုိ်င်းဆုုိင်ရာနဲ့ သတ်ဖြတ်မှုတွေ ၂၀ ပတ်ဝန်းကျင်ရှိတယ်။ ဒီ ကြားထဲမှာ နုုိင်ငံရေးဆွေးနွေးမှုတွေ ဖြစ်လာတဲ့အချိန်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုက များသောအားဖြင့် သူများတွေ သုံုးသပ်တာက လျော့နည်းလာတယ်ပေါ့။ ဒါပေမဲ့ ကျမတိုု့ရဲ့ KWAT မှတ်တမ်းကတော့ လျော့နည်းလာတာ မရှိဘူး”ဟုု မဂျူလီယာမရိပ်က ပြောသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရန် မြန်မာ့တပ်မတော်ဘက်မှ ကချင်ပြည်နယ်အတွင်း ထုုိးစစ်ဆင်မှုများ ရပ်တန့်ရန်နှင့် ကချင်ဒေသအတွင်း စစ်အင်အားတုုိးချဲ့မှု လျော့ချရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကုုိ လွတ်လပ်သည့် စုံုစမ်းစစ်ဆေးမှု လက်ခံပြီး အမှန်တရားရှာဖွေမှု ပြုလုုပ်ရန် တောင်းဆုုိလုုိသည်ဟုု သူက ပြောသည်။

Most read this week

March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...