ဒေသခံ စက်လှေတစ်စီးအား အမည်မသိသူ ၃ ဦး က ဓါးပြတိုက်

ဒေသခံ စက်လှေတစ်စီးအား အမည်မသိသူ ၃ ဦး က ဓါးပြတိုက်
by -
မဇ္ဈိမ
ဒေသခံ စက်လှေတစ်စီးအား အမည်မသိသူ လူ ၃ ဦး က ဓါးပြတိုက်မှုတစ်ခု ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မြောက်ဦးမြို့ ဝသဲရပ်ကွက်နေ ဦးညွန့်သာအောင်သည် ဇွန် ၈ ရက် နံနက် ၂ နာရီ တွင် စက်လှေဖြင့် မြောက်ဦးမြို့နယ် ညောင်ပင်လှကျေးရွာမှ အပြန် မင်းပြားမြို့နယ် လောင်မီးကျေးရွာ အနီးတွင် စက်လှေအားရပ်နားပြီး အိပ်နေခဲ့သည်။

ထိုသို့ အိပ်နေစဉ် စက်လှေအနီးသို့ လှေတစ်စီးကပ်လာပြီး လှေပေါ်ပါ အမည်မသိသူ ၃ ဦး(စုံစမ်းဆဲ)မှ တုတ်၊ဓား လက်နက်များ ကိုင်ဆောင်ပြီး ခြိမ်းခြောက်၍ စက်လှေပေါ် ပါလာသည့် တရုတ်နိုင်ငံလုပ် ရေစုပ်စက်ငယ် ၁ လုံး၊မျှင်တံပါ စက် ၁ လုံး စုစုပေါင်း တန်ဖိုး ၅၅၀၀၀၀ ကျပ်ခန့်အား ဖြုတ်ယူသွားခဲ့ သည်။

အမည်မသိသူ ၃ ဦးသည် မျှင်တံပါစက်အား ဖြုတ်ယူရန်ဆောင်ရွက်နေစဉ် ဦးညွန့်သာမောင်သည် စက်လှေပေါ်မှ ရေထဲသို့ခုန်ချလွတ်မြောက်ခဲ့ရာမှ မြောင်းဘွေ ရဲစခန်းသို့ တိုင်တန်းခဲ့သဖြင့် လိုက်လံရှာဖွေရာ စက်လှေအား ငပုဂွကျေးရွာအနီး မြစ်ထဲ၌ ပြန်လည်တွေ့ရှိ ခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

စက်လှေအား ဓါးပြတိုက်သွားသည့် အမည်မသိသူ  လူ (၃)ဦးအား ဖမ်းဆီးရမိနိုင်ရေး အမှုဖွင့်စုံစမ်းလျက်ရှိကြောင်းသိရသည်။

Most read this week

March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...