တနုုိင်းဒေသမှ စစ်ဘေးရှောင် ၁၀၀၀ ကျော် လမ်းခရီးတွင် သောင်တင်နေဟုဆို

တနုုိင်းဒေသမှ စစ်ဘေးရှောင် ၁၀၀၀ ကျော် လမ်းခရီးတွင် သောင်တင်နေဟုဆို
by -
မဇ္ဈိမ
ဇွန် ၆ရက်က မ့်ကွမ်းချောင်းဝ မှ စစ်ပြေးရှောင်များကို လှေများဖြင့် ခေါ်ဆောင်စဉ်။ Photo Credit - Hkun Awng Nlam facebook
ဇွန် ၆ရက်က မ့်ကွမ်းချောင်းဝ မှ စစ်ပြေးရှောင်များကို လှေများဖြင့် ခေါ်ဆောင်စဉ်။ Photo Credit - Hkun Awng Nlam facebook
တပ်မတော်က နယ်မြေရှင်းလင်းမည်ဟုဆိုပြီး ဇွန် ၁၅ရက်နောက်ဆုံးထားကာ ထွက်ခွာခိုင်းသည့်အတွက် တနိုင်းမြို့ပေါ်သို့ တိမ်းရှောင်သူ ၁၀၀၀ ကျော်မှာ လမ်းခုလတ်တွင် သောင်တင်နေသည်ဟု ဆိုသည်။

ဇွန်လ ရ ရက်က တနုုိင်းမြို့ အုုပ်ချုပ်ရေးမှူးရုံုးတွင် အုုပ်ချုပ်ရေးမှူးနှင့် အစုုိးရဌာနဆုုိင်ရာ တာဝန်ခံများ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ)၏ ကုုိယ်စားလှယ်၊ ဘာသာရေးခေါင်းဆောင်များက စစ်ဘေးရှောင်များအား သွားရောက်ခေါ်ယူရန် အစည်းအဝေးကျင်းပခဲ့ရာ အထက်သုုိ့ တင်ပြရန်သာ ဆွေးနွေးနုုိင်ခဲ့သဖြင့် ဒေသခံများကို ခေါ်ယူခွင့်မရသေးသည့်အတွက် ယင်းသို့ သောင်တင်နေခြင်းဖြစ်သည်ဟု ဓမ္မဆရာ ဦးနော်တောင်က ပြောသည်။

“မနေ့က သွားကြိုတာ ၄၀၀ ကျော်ပဲ ခေါ်နိုင်တယ်။ စစ်လှေမလောက်လုုိ့။ နမ်ကွမ်ချောင်းဝမှာ ၁၀၀၀ လောက်ရှိတယ်။ ဒုုိင်ဖဆုုိတဲ့နေရာမှာလည်း ရာနဲ့ချီ ပိတ်ဆုုိ့နေတယ်။ ဒီမနက် ပြန်သွားခေါ်ဖုုိ့ ခွင့်မပြုဘူး။ အစည်းအဝေးမှာ အစုုိးရနဲ့ တပ်မတော်က ဘောလုံုးပုုတ်နေကြတယ်။ တပ်မတော်ကလည်း အစုုိးရအုုပ်ချုပ်ရေးမှူးတွေ တာဝန်ယူရင် သွားခေါ်၊ အုုပ်ချုပ်ရေးဘက်ကလည်း တပ်မတော်က တာဝန်ယူရင် သွားခေါ်မယ်ဆုုိပြီး အမျိုးမျိုးပုုတ်နေတာ။ ဒါကြောင့် အထက်ကုုိ တင်ပြမယ်ဆုုိပြီး ဆွေးနွေးခဲ့ကြတယ်”ဟု ဦးနော်တောင်က ပြောသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပုုိင်းတုုိင်းစစ်ဌာနချုပ် (မပခ) တုုိင်းမှူးထံသုုိ့ ခွင့်ပြုချက် တင်ပြသွားရန် ဆုံုးဖြတ်ခဲ့သည်ဟုု သူက ပြောသည်။

ဇွန်လ ၆ ရက်က တနုုိင်းမြို့မှ ဘာသာရေးပေါင်းစုံုမှ ဘာသာရေးခေါင်းဆောင်များက စက်လှေ ၁၂ စီးဖြင့် နမ့်ကွမ်းချောင်းဝ မှ စစ်ပြေးရှောင် ၄၀၀ ကျော်ကုုိ မြို့ပေါ်သုုိ့ ခေါ်ယူနုုိင်ခဲ့သော်လည်း စစ်ဘေးရှောင် ၁၀၀၀ ကျော်မှာမူ လမ်းခရီးတွင် သောင်တင်နေဆဲ ဖြစ်သည်ဟုု ဦးနော်တောင်က ပြောသည်။

ထုုိ့ပြင် စစ်ဘေးဒုုက္ခသည်များကုုိ သွားရောက်ကူညီရန် ဖွဲ့စည်းထားသည့် ဘာသာရေးပေါင်းစုံုမှ ခေါင်းဆောင်များက ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် လွှတ်တော်သုုိ့ စာရေးအကြောင်းကြားပြီး ဖြစ်သော်လည်း ယနေ့ထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သူက ပြောသည်။

တနုုိင်းမြို့နယ်အတွင်း တပ်မတော်မှ နယ်မြေရှင်းလင်းမည်ဖြစ်၍ ရွှေမှော်၊ ပယင်းမှော်များတွင် နေထုုိင်နေသူများအား ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံုးထား ထွက်ခွာရန် တပ်မတော်က လေယာဉ်ဖြင့် စာများ ကျဲချခဲ့သဖြင့် မှော်လုုပ်သားများနှင့် ဒေသခံ ရွာသားများ ထွက်ပြေးတိမ်ရှောင်နေရခြင်း ဖြစ်သည်။

Most read this week

March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...