ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအနီး ၄လအတွင်း မိုင်း ၃ကြိမ်ပေါက်ကွဲမှုဖြစ်

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအနီး ၄လအတွင်း မိုင်း ၃ကြိမ်ပေါက်ကွဲမှုဖြစ်
by -
မဇ္ဈိမ
ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့အနီး ၄လအတွင်း မိုင်းထောင်ခံရမှု ၄ကြိမ်ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ခဲ့သည်ဟု စခန်းတာဝန်ခံ ဦးတက်ထွန်းအောင်က မဇ္ဈိမသို့အတည်ပြုပြောသည်။

လွန်ခဲ့သည့်နှစ်ရက် ဇွန်လ ၃ရက် တွင် ရေပူစခန်းအတွင်းလားရှိုးမြို့ဘက်မှ အဝင်ဂိတ်အနီး မိုင်းတစ်လုံးပေါက်ကွဲပြီး လူ၊ ပစ္စည်းထိခိုက် မှုမရှိကြောင်း သိရသည်။ ထို့အတူ ဇွန် ၃ ရက် ညပိုင်းတွင် ချိန်မိုင်းတစ်လုံး တွေ့ရှိသောကြောင့် ရှင်းလင်းရာ ၄ ရက်နေ့ နံနက်ပိုင်းးတွင် မိုင်းရှင်းပြီးစီးခဲ့ကြောင်း ဦးတက်ထွန်းအောင်ကပြောသည်။ ဇွန်လအတွင်း တစ်ရက်ခြား မိုင်းထောင်ခံခဲ့ရခြင်းလည်းဖြစ်သည်။

“ဗုံးကွဲတဲ့တရားခံလည်းမမိပါဘူးဗျ။ သံသယရှိတာတော့ ကျွန်တော်တို့ကိုမကျေနပ်တဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေ၊ အခွန် ရှောင်တဲ့သူတွေကနေပြီးတော့ အဲ့လိုလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့သူ တွေကိုငွေပေးပြီးစေခိုင်းတယ်လို့ ယူဆပါတယ်" ဟုရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ ဦးတက်ထွန်းအောင်ကပြောဆိုသည်။

ရေပူစခန်းစတင်လည်ပတ်သည့် ကာလမှစ၍ ၄ လအတွင်း တရားမဝင်ကုန်စည် သိန်းပေါင်း ခြောက်သောင်းခန့်ဖမ်းဆီးရမိခဲ့ကြာင်း ရေပူစခန်းမှသိရသည်။

ဖမ်းဆီးရမိသည့် ပစ္စည်းများတွင် ကျောက်စိမ်း၊ လက်ဝတ်ရတနာ၊ သစ်၊ သစ်တောထွက်ပစ္စည်း၊ စားသုံးရန်မသင့်သည့် စားသောက်ကုန်၊ အခွန်မဆောင် ထားသည့် ဆိုင်ကယ်များ၊ လျှပ်စစ်ပစ္စည်း နှင့် လူသုံးကုန်ပစ္စည်းတို့ပါ၀င်ကြောင်း ဦးတက်ထွန်းအောင်ကဆိုသည်။

ထို့ကြောင့် တရားမဝင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသည့် သူအချို့မှ စီးပွားရေးထိခိုက်သည့်အတွက် ထိုကဲ့သို့ မိုင်းထောင်ခြင်းများပြုလုပ်ရသည်ဟု ယူဆကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ စတင်လည်ပတ်သည့်နေ့မှစပြီး စခန်းပတ်ဝန်းကျင်တွင် မိုင်းထောင်ခံရမှု ဖြစ်စဉ် ၃ ကြိမ်တိတိ ရှိနေခြင်းလည်းဖြစ်သည်။

အဆိုပါ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ်ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝ ထိ ဖြတ်သန်းသွားလာနေပြီး ဖြတ်သန်းနေသောကားများမှ တရားမဝင်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခိုကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များ နှင့် အသုံးအဆောင်ပစ္စည်းများကို ဇန်နဝါလ ၁၆ ရက်မှ စတင်ကာ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ပူးပေါင်းစစ်ဆေးရေး ၁၂ ဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...