ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုစွဲချက်တွေကို စစ်ဆေးဖို့ စုံစမ်းရေးအဖွဲ့ ကုလခန့်အပ်

ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုစွဲချက်တွေကို စစ်ဆေးဖို့ စုံစမ်းရေးအဖွဲ့ ကုလခန့်အပ်
by -
မဇ္ဈိမ
 မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်ဆလင်တို့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ်တွေရှိခဲ့တယ်ဆိုတဲ့ စွဲချက်တွေ ထွက်ပေါ်ထားခဲ့မှုအပေါ် စုံစမ်းစစ်ဆေးဖို့ သုံးဦးပါအဖွဲ့တစ်ခုကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မေလ ၃၀ ရက်မှာ ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ်က မွတ်ဆလင်တို့အပေါ် လုံခြံုရေးတပ်ဖွဲ့ဝင်တွေက ဖိနှိပ်ညှင်းပန်းမှုတွေကျူးလွန်ထားခဲ့တဲ့ဆိုတဲ့ကိစ္စအပေါ် စုံစမ်းဖို့ အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ ဖွဲ့စည်းရေး ပြီးခဲ့တဲ့ မတ်လကတည်းက ဂျီနီဗာအခြေစိုက် ကုလလူ့အခွင့်အရေးကောင်စီမှာ မဲပေးဆုံးဖြတ်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီလို စုံစမ်းရေးအဖွဲ့ စေလွှတ်စစ်ဆေးမယ့် ကိစ္စကို မြန်မာအစိုးရဘက်ကတော့ လက်မခံဘဲ ပယ်ချထားခဲ့တာလည်း ဖြစ်ပါတယ်။

ယခု ဖွဲ့စည်းလိုက်တဲ့ သုံးဦးပါ အဖွဲ့မှာတော့ အိန္ဒိယရှေ့နေ အမျိုးသမီးအခွင့်အရေးကာကွယ်သူ အင်ဒီရာ ဂျိုင်ဆင်း၊ သီရိလင်္ကာရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲဟောင်း ရက်ဟီကာ ကူမရာဆွာမိုင် နဲ့ သြစတြေးလျက လူ့အခွင့်အရေးသမား ခရစ်စတိုဖာ ဒိုမစ်နစ် ဆီဒိုတီ တို့ ပါ၀င်တယ်လို့ သိရပါတယ်။

ယင်းအဖွဲ့အနေနဲ့ကတော့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှု စွဲချက်ကိစ္စတွေကို အားချင်း စုံစမ်းစစ်ဆေးသွားရမှာ ဖြစ်ပြီး ယင်းနောက် နောက်ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းအစီအစဉ်အတွက် ဂျီနီဗာမှာ ပြန်လည်အစည်းအဝေးထိုင်သွားမှာ ဖြစ်တယ်လို့ ကုလ ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါပေမယ့်လည်း ယင်း ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရက ရခိုင်ပြည်နယ်ထဲ ၀င်ခွင့်ပြုမပြု ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ယခုလအစောပိုင်းကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမတို့အစိုးရအနေနဲ့ ယခုလိုမျိုး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းမယ့်ကိစ္စကို လက်မခံကြောင်းနဲ့ ယင်းဟာ တကယ့်လက်တွေ့မြေပြင်မှာ ဖြစ်နေတာတွေနဲ့ လက်လှမ်းမီနိုင်ဖို့ မရှိကြောင်း ပြောဆိုထားခဲ့ပါတယ်။

အစောပိုင်းကာလတုန်းကတော့ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ဘင်္ဂါလီမွတ်ဆလင်တွေရဲ့ ထွက်ဆိုချက်အရ ဆိုပြီး ကုလလလူ့အခွင့်အရေးရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ရပ်မှာတော့ မြန်မာလုံခြံုရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ပြစ်ချက်တွေ ရှိကောင်းရှိနေနိုင်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

မြန်မာအစိုးရဘက်ကတော့ အဲဒီလို စွဲချက်တွေကို ပယ်ချထားခဲ့ပြီး နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေ ရခိုင်ပြည်နယ်ထဲ ၀င်ခွင့်ပြုဖို့ကိုလည်း ငြင်းဆန်ထားခဲ့ပါတယ်။

Most read this week

March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...