တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းများအကြား အစိုးရက မျှခြေပါလို့ ဆို

တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းများအကြား အစိုးရက မျှခြေပါလို့ ဆို
by -
မဇ္ဈိမ
အစိုးရသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိလာအောင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား မျှခြေအနေအထားဖြင့်သာ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

“ကျွန်တော်တို့က တပ်မတော်နဲ့ အစိုးရနဲ့ အရမ်းကြီးပေါင်းပြီး EAOs ကို လှည့်မကြည့်ဘူး၊ အဲ့လိုလည်း မရဘူး။ EAOs နဲ့လည်း အရမ်းကြီးပေါင်းပြီး တပ်ကို လှည့်မကြည့်လို့ မရဘူး။ အစိုးရက ဒီမျှခြေကို ထိန်းရတာပါ” ဟု ဦးဇော်ဌေးက ပြောသည်။

နေပြည်တော်ရှိ MICC-2 တွင် မေလ ၂၇ရက်က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အစိုးရ၏ ရပ်တည်ချက်အား ဦးဇော်ဌေးက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဆိုလိုတာက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု Constitution ပေါ့နော်။ အဲ့ဒါတွေဖြစ်လာအောင်၊ ကျန်တဲ့ ငြိမ်းချမ်းရေးတွေရလာအောင် အစိုးရက ဟိုဘက်၊ ဒီဘက် ညှိနှိုင်းရတဲ့ အနေအထားပါ။ ဒါလေး နားလည်စေချင်တယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

တစ်ခုတည်းသော တပ်မတော်ထားရှိရေးမူဝါဒအပေါ် အစိုးရ၏ ရပ်တည်ချက်နှင့်ပတ်သက်၍လည်း ဦးဇော်ဌေးက အောက်ပါအတိုင်း ပြောကြားသည်။

“ရပ်တည်ချက်ကတော့ ကျွန်တော်တို့ အတိုင်ပင်ခံမိန့်ခွန်းမှာပါတယ်။ ပန်းတိုင်က အဲ့ဒါပဲ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ အဲ့တော့ တပ်မတော်နဲ့ ပတ်သက်လို့လည်း ဖက်ဒရယ်နိုင်ငံတွေမှာ ပြန်ကြည့်လိုက်။ တပ်မတော် ဘယ်နှစ်ခု ရှိလဲ။ ဒါ အစိုးရရဲ့ ရပ်တည်ချက်ပဲ” ဟု ဦးဇော်ဌေးက ပြောသည်။

ကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် တစ်ခုတည်းသော တပ်မတော်ထားရှိရေးမူဝါဒနှင့်ပတ်သက်ပြီး အမည်နာမ သုံးမျိုး ထွက်ပေါ်ခဲ့သည်ဟု လုံခြံုရေးကဏ္ဍတွင် ဝင်ရောက်ဆွေးနွေးသည့် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ဒီမိုကရေစီအစိုးရ၏ ကွပ်ကွဲမှုအောက်တွင်ရှိရမယ့် တစ်ခုတည်းသော တပ်မတော်၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အာမခံသည့် ပြည်ထောင်စုတပ်မတော်နှင့် မည်သည့် ဝိသေသမျှ မထည့်ဘဲ တပ်မတော်ဟူ၍ အမည်နာမ သုံးမျိုး ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

“ဆက်ဆွေးနွေးမယ်။ ဒီသုံးမျိုးထဲမှာ တစ်ခုတော့ ရွေးလို့မရသေးဘူး။ ဒါကကြားထဲမှာ အလုပ်အဖွဲ့တွေဆွေးနွေး မယ်။ နောက်ခြောက်လ ဒီလိုပွဲမျိုးပြန်ခေါ်တဲ့အခါမှာ ဒီိထက်ပိုကောင်းတာထွက်လာမှာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

Most read this week

March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...