တပ်မတော်တစ်ခုတည်း ထားရှိရေးမူ ထွက်ရှိရေး တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့များ အထူးတလည် ဆွေးနွေးနေ

တပ်မတော်တစ်ခုတည်း ထားရှိရေးမူ ထွက်ရှိရေး တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့များ အထူးတလည် ဆွေးနွေးနေ
by -
မဇ္ဈိမ
တစ်ခုတည်းသော တပ်မတော်ထားရှိရေးမူဝါဒ ထွက်ရှိရေးနှင့် ပတ်သက်ပြီး အတည်ပြုဆွေးနွေးချက်ရရှိရန် လုံခြံုရေးကဏ္ဍ၌ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးနေဆဲဖြစ်သည်ဟု ပအိုဝ်းအဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

တပ်မတော်တစ်ခုတည်း ထားရှိရေးမူဝါဒကို မည်သည့်အစုုအဖွဲ့ကမှ ကန့်ကွက်ခြင်းမရှိသော်လည်း အဆိုုပါ တပ်မတော်ကိုု ဖက်ဒရယ်နှင့် ဒီမိုကရေစီကို အာမခံသော တပ်မတော်ရှိရေး စသည့်စကားလုံးများ ထည့်သွင်းရန် တောင်းဆိုမှုများ ရှိနေခြင်းကြောင်း၊ ခေါ်ဝေါ်သုံုးစွဲလိုုသည့် ပုံစံ သုံးလေးမျိုး ထွက်ရှိနေပြီး တစ်မျိုးတည်းရရှိရန် ညှိနှို်င်းနေဆဲဖြစ်ကြောင်း ၄င်းက ပြောသည်။

“ဒီကိစ္စကို ကျေကျေလည်လည်ဖြစ်ဖို့ အကြိတ်အနယ် ဆွေးနွေးရတာပေါ့ဗျာ၊ လုံခြံုရေးကဏ္ဍကို ပြည်ထောင်စု အဆင့်မှာပဲ ဆွေးနွေးခွင့် ပေးထားတော့ အချိန်ကာလအားဖြင့် ကန့်သတ်မှုရှိနေတယ် ဆိုတော့ ဒီအတောအတွင်း နားလည်အောင် ဆွေးနွေးရတော့ လောလောဆယ်အထိတော့ အကြိတ်အနယ် ဆွေးနွေးတုန်းပေါ့ဗျာ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစုပင်လုံ တတိယနေ့၌ အဆိုပါ မူဝါဒများနှင့်ပတ်သက်ပြီး တပ်မတော်ဘက်မှ တင်ပြလာသည့် တပ်မတော်တစ်ခုတည်း ထားရှိရေး နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဘက်မှ တင်ပြလာသည့် ဖက်ဒရယ်တပ်မတော် ထားရှိရေး မူဝါဒများကို ဆွေးနွေးနေဆဲဖြစ်သည်။

တပ်မတော်သားကို်ယ်စားလှယ် ဗိုလ်မှူးကြီး စိုးဝင်းနို်င်က “တပ်မတော်ဆိုတာ ကမ္ဘာမှာတော့ တစ်ခုတည်းပဲရှိတယ်၊ ဘယ်နိုင်ငံဘဲဖြစ်ဖြစ် တပ်မတော်ဆိုတာ တစ်ခုတည်း ရှိတယ်။ တစ်ခုတည်းသောတပ်မတော်ဖြစ်ဖို့က အဓိကကျတယ်၊ ဒါကိုသဘောတူညီမှုရရှိအောင် ဆွေးနွေးနေတာပါ” ပြောသည်။

အဆိုပါ လုံခြံုရေးကဏ္ဍ၌ ၀င်ရောက်ဆွေးနွေးနေသူတစ်ဦးဖြစ်သည့် UPDJC အဖွဲ့ဝင် ကရင်ပြည်သူပါတီ ဥက္ကဋ္ဌဒေါက်တာစောထွန်းအောင်မြင့်က တပ်မတော်တစ်ခုတည်း ထားရှိရေး မူဝါဒနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် အဆင်မပြေမှုများရှိနေကြာင်းပြောသည်။

၄င်းက “တကယ်တမ်း နင်လားငါလား ပြောတဲ့အခါကျတော့ နည်းနည်းလေး ညှိနှိုင်းလို့ အဆင်မချောဘူးပေါ့၊ မနေ့ကလည်း အဆင်မချောဘူး၊ ဒီနေ့လဲ အဆင်မချောဘူး” ဟု ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံကို မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံရေး ၊လူမှုရေး ၊ စီးပွားရေး ၊ မြေယာနှင့် သဘာဝသယံဇာတ ၊ လုံခြံုရေးကဏ္ဍ တို့ ဆွေးနွေး သွားမည်ဖြစ်သည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...