UWSA, KIA အပါအဝင် မြောက်ပိုင်းမဟာမိတ် ရ ဖွဲ့ ၂၁ ပင်လုံတက်မည်

UWSA, KIA အပါအဝင် မြောက်ပိုင်းမဟာမိတ် ရ ဖွဲ့ ၂၁ ပင်လုံတက်မည်
by -
မဇ္ဈိမ
မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရဖွဲ့တို့သည် ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံ အစည်းအဝေးသို့ တက်ရောက်မည်ဟု တအာင်း/ ပလောင်အဖွဲ့ (TNLA) P.S.L.F မှအတွင်းရေးမှူး မိုင်းဘုန်းကျော်က မဇ္ဈိမသို့အတည်ပြုပြောသည်။

“ကျွန်တော်တို့ မြောက်ပိုင်းမဟာမိတ်အနေနဲ့ ညီလာခံကိုတက်ဖို့ဆုံးဖြတ်လိုက်ပါတယ်" ဟု ၎င်းကပြောဆိုသည်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA), ကချင်လွတ်မြောက်ရေးတပ် (KIA), တအာင်း/ ပလောင်အဖွဲ့ (TNLA/PSLF), ရခိုင်လက်နက်ကိုင်အဖွဲ့ (AA), ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA), ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းတပ်မတော် (SSPP/SSA ) နှင့် မိုင်းလားအဖွဲ့(NDAA) တို့ပါဝင်သည့် မြောက်ပိုင်း ရဖွဲ့သည် တရုတ်အစိုးရ၏ တိုက်တွန်းမှုဖြင့်၂၁ရာစု ပင်လုံညီလာခံသို့ တက်ရောက်ခြင်း လည်းဖြစ်သည်။

ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) အပါအဝင် မြောက်ပုုိင်းမဟာမိတ်အဖွဲ့အစည်း ရ ဖွဲ့ တို့ တရုတ်နိုင်ငံကူမင်းမြို့တွင် မေ ၂၂ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်အရ တက်ရောက်ခြင်းဖြစ်ကြောင်းလည်းသိရသည်။

"တက်ဖို့ပြင်ဆင်နေပါတယ်။ အဓိကကတော့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရကြားထဲမှာ ညှိနှိုင်းပြီးတော့ တက်နိုင်အောင်စီစဉ်ပေး တာဖြစ်ပါတယ်" ဟု မိုင်းဘုန်းကျော်က ပြေသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဆိုင်ရာ အထူးကိုယ်စားလှယ် H. E. Mr. Sun Guoxiang တို့သည် ၂၁ရာစုပင်လုံညီလာခံမတိုင်မီ ၂ရက်အလို မေ ၂၂ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့သေးသည်။ မကြာသေးမီကလည်း ဒေါ်အောင်ဆန်းစုသည် ပိုးလမ်းမကြီးနှင့်ပတ်သက်ပြီး အစည်းအဝေးတက်ရန် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့သည် မေ ၂၃ရက် နံနက်ပိုင်းက သီးသန့် တွေ့ဆုံခဲ့ကြောင်း လည်း ဘီဘီစီမြန်မာပိုင်းက သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၂၁ ရာစု ပင်လုံအစည်းအဝေးတက်ရန် မြောက်ပိုင်းမဟာမိတ် ကိုယ်စားလှယ်များသည် မေလ ၂၃ရက်တွင် နေပြည်တော်သို့ရောက် ရှိလာမည်ဖြစ်ကြောင်း အစိုးရဘက်မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။

UWSA ဦးဆောင်သော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီသည် တရုတ်အစိုးရ အကူအညီဖြင့် AA,TNLA, MNDAA အဖွဲ့များကို ၂၁ရာစု ပင်လုံညီလာခံသို့ လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုရန် နှင့် ညီလာခံတက်စဉ်ကာလအတွင်း လုံခြံုရေးတာဝန်ယူပေးရန် အပါအဝင် အချက် ၃ချက်ကို မြန်မာအစိုးရထံ တင်ပြတောင်းဆိုထားသည်ဟု သတင်းများ ထွက်ပေါ်နေတယ်။

အဆိုပါတောင်းဆုုိချက်များကို အစိုးရက လက်ခံ/ မခံကိုမူ TNLA/PSLFမှ အတွင်းရေးမှူး မိုင်းဘုန်းကျော်က ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

မြောက်ပိုင်းမဟာမိတ် အဖွဲ့ ရဖွဲ့ကို အစိုးရဘက်မှ ၂၁ ရာစုပင်လုံညီလာခံတတ်ရောက်ရန် ဖိတ်စာများပေးပို့ထားသော်လည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့ သီးခြားဖိတ်စာများထဲတွင် မတူညီချက်များရှိနေသည်ဟု မိုင်းဘုန်းကျော်က ဆက်လက်ပြာဆိုသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...