ရခိုင်တံဆိပ်ပါ အကျႌကို မဝတ်ရန် တားမြစ်မှုကို မလိုက်နာ၍ ခိုင်နီမင်း အချုပ်ကားပေါ်တွင် အရိုက်ခံရဟုဆို

ရခိုင်တံဆိပ်ပါ အကျႌကို မဝတ်ရန် တားမြစ်မှုကို မလိုက်နာ၍ ခိုင်နီမင်း အချုပ်ကားပေါ်တွင် အရိုက်ခံရဟုဆို
by -
မဇ္ဈိမ
 မြတန်ဆောင်း ဆရာတော်နှင့် ကိုခိုင်နီမင်းတို့အား မေလ ၂၂ ရက်က ရုံးထုတ်ခဲ့ရာ ရခိုင်တံဆိပ်ပါသည့်အကျႌကို ဝတ်ထားသဖြင့် မဝတ်ရန်တားမြစ်မှုအား မလိုက်နာဟုဆိုကာ ခိုင်နီမင်းအား ရဲကရိုက်နှက်မှုပြုခဲ့ကြောင်း သိရသည်။

“ခိုင်နေမင်း ကားပေါ်ကနေ အော်တာကို အဒေါ်တို့ ကြားလိုက်ပါတယ်။ ငါ့ကိုမတရားရိုက်နှက်နေတယ်။ လက်ထိပ်ခပ်ပြီးတော့ ရိုက်တယ်ဆိုပြီးတော့ အော်ပါတယ်။ မြင်တော့မမြင်ရပါဘူး။ သူအော်တဲ့အသံကိုပဲ ကြားလိုက်တာပါ။”ဟု ရက္ခိုင့်အလင်းတံခါးအဖွဲ့မှ အတွင်းရေးမှူး ဒေါ်ဖြူဖြူသန်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါရိုက်နှက်မှုမှာ မေလ ၂၂ရက်က ၎င်းတို့နှစ်ဦးအား ရုံးထုတ်လာစဉ် အချုပ်မှ တရားရုံးသို့ခေါ်ဆောင်လာခဲ့သည့် ကားပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ခိုင်နီမင်းနဲ့ အဒေါ်တို့ကို လုံးဝ တွေ့ခွင့်မပေးဘူး။ မိဘတွေကိုလည်း မတွေ့ရပါဘူး။ တွေ့မယ်ပြောတော့လည်း လုံးဝခွင့်မပြုဘူး။”ဟု ၎င်းက ဆိုသည်။

ဖြစ်စဉ်နှင့်ပါတ်သက်ပြီး မြောက်ဦးမြို့မ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ စခန်းမှူးအပြင်သို့ထွက်သွားကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ ပြောပြခွင့်မရှိကြောင်း တုန့်ပြန်ပြောကြားသည်။

မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့မှာ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA (၈) နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပခဲ့ သည့်အတွက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) တို့ဖြင့် ဖမ်းဆီးခြင်းခံထားရသူများလည်း ဖြစ်သည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...