ကေအိုင်အို နှင့် ဝအမျိုးသားအဖွဲ့ချုပ်တို့ UNFC မှ နုတ်ထွက်မည်ဟု အစည်းအဝေးတွင် တရားဝင်အသိပေး

ကေအိုင်အို နှင့် ဝအမျိုးသားအဖွဲ့ချုပ်တို့ UNFC မှ နုတ်ထွက်မည်ဟု အစည်းအဝေးတွင် တရားဝင်အသိပေး
by -
မဇ္ဈိမ
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ဝအမျိုးသားအဖွဲ့ချုပ် (WNO)တို့က UNFC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကြောင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များကို မေလ ၂၂ရက် အစည်းအဝေးတွင် အသိပေးခဲ့သည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)၏ မေလ ၂၂ရက် နှင့် ၂၃ရက်တွင် ကျင်းပနေသည့် အလုပ်အမှုဆောင်အရေးပေါ်အစည်းအဝေးတွင် ယခုကဲ့သို့ တရားဝင် အသိပေးလိုက်ခြင်းဖြစ်သည်။

ကေအိုင်အိုက UNFCက နုတ်ထွက်ကြောင်း ဧပြီ ၂၉ရက်တွင် နုတ်ထွက်စာတင်ခဲ့ပြီး မေလ ပထမပတ်တွင် WNO၏ နုတ်ထွက်စာ ထွက်ပေါ်လာခြင်းဖြစ်သည်။ UNFC အဖွဲ့ထဲမှ KIO နုတ်ထွက်သည့်အကြောင်းရင်းကို အတိအလင်းမသိရသေးသော်လည်း WNOကမူ လက်ရှိနိုင်ငံရေး၊ စစ်ရေးအကြပ်အတည်းများကြောင့် နုတ်ထွက်ရခြင်းဖြစ်ကြောင်း ၎င်း၏ နုတ်ထွက်စာတွင် ပါရှိသည်။

မေ ၂၂ရက်အစည်းအဝေးတွင် KIO က UNFC အစည်းအဝေး လာတက်သော်လည်း မွန်းလွဲပိုင်းတွင် ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) အပါအဝင် မြောက်ပိုင်း မိတ်ဖက်အဖွဲ့အစည်း ရဖွဲ့နှင့်တွေ့ဆုံရန်ရှိသဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ထွက်ခွာခဲ့သည်။

နှစ်ရက်တာ အစည်းအဝေးတွင် UNFC အနေဖြင့် ၂၁ရာစု ပင်လုံညီလာခံ တက်၊ မတက်ကို အဆုံးအဖြတ်ပေးမည်လည်းဖြစ်သည်။

ယင်းအပြင် လာမည့် ဇွန်လတွင် ကျင်းပမည့် UNFC ညီလာခံကျင်းပနိုင်ရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဟု သိရသည်။

လက်ရှိ UNFC အဖွဲ့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရခုုိင်အမျိုးသားလွတ်မြောက်ရေးကောင်စီ (ANC)၊ ရှမ်းပြည် တုုိးတက်ရေးပါတီ(SSPP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)နှင့် ဝ အမျိုးသားအဖွဲ့ချုပ် (WNO)တို့ ပါဝင်သည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...