ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကျပ်သန်းပေါင်း (၇၀၀၀) ကျော်သုံးစွဲခဲ့ဟု လူကယ်ပြန် ဝန်ကြီးဆို

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကျပ်သန်းပေါင်း (၇၀၀၀) ကျော်သုံးစွဲခဲ့ဟု လူကယ်ပြန် ဝန်ကြီးဆို
ရခိုပြည်နယ်အတွင်း ဖွံ့ဖြိုးမှုရရှိရန် ကျပ်သန်းပေါင်း (၇၀၀၀) ကျော် သုံးစွဲပြီး ကူညီမှုများ ပြုလုပ်ခဲ့သည်ဟု မေလ ၁၇ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ် ပူးတွဲ ဆန်းစစ်လေ့လာချက်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်(၁၆)မြို့နယ်တွင် လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတော်သမ္မတ၏ အရေးပေါ် ရန်ပုံငွေမှ ကျပ်(၃၆၅၆.၈၄၀)သန်းကို သုံးစွဲပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်(၄၁၆၄.၃၂၅)သန်းကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းလုပ်ငန်းများတွင် ထောက်ပံ့ပေးခဲ့သည်ဟု   ဒေါက်တာဝင်းမြတ်အေးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်သည် ပဋိပက္ခဖြစ်ပွားမှုများရှိနေခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေပြီး အစီရင်ခံစာများအရ ၂၀၁၇ခုနှစ်၊ ဧပြီလအထိ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာတိမ်းရှောင်သူဦးရေ (၁၂၀၀၀၀)ခန့်ရှိနေသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရေးဆွဲထားသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးရေး (၅) နှစ် စီမံကိန်းကို ပံ့ပိုးကူညီဆောင်ရွက်သွားမှာဖြစ်ကာ လုပ်ငန်းများဆောင်ရွက်ရာတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်ဟု ဒေါက်တာဝင်းမြတ်အေးက ပြောဆိုထားသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...