နမ္မတူတွင် လက်နက်ကိုင်လေးဖွဲ့ဆုံနေသောကြောင့် ဒေသခံများစိုးရိမ်ပြီးနေရပ်စွန့်ခွာ

နမ္မတူတွင် လက်နက်ကိုင်လေးဖွဲ့ဆုံနေသောကြောင့် ဒေသခံများစိုးရိမ်ပြီးနေရပ်စွန့်ခွာ
by -
မဇ္ဈိမ
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ တအောင်း/ ပလောင်အဖွဲ့ (TNLA) နှင့် တပ်မတော်တို့ လေးဖွဲ့ဆုံနေသောကြောင့် အနီးအနားရှိ ဒေသခံများစိုးရိမ်ပြီး နေရပ်စွန့်ခွာလာမှုများရှိနေသည်ဟု နမ္မတူ စစ်ရှောင်စခန်း အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က မဇ္ဈိမသို့ပြောသည်။

လက်ရှိအချိန်တွင် နမ္မတူဘက်အခြမ်း အနီးဝန်းကျင်ရှိ ဆိုက်ဒ်ခေါင် အုပ်စုရွာ ၈ရွာမှ လူ ၃၀၀ ကျော်ခန့် စစ်ရှောင်လာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ မေ ၁၁ ရက်မှ မေ ၁၅ ရက်အထိ နမ္မတူရှိ ရွှေမြင်သာကျောင်းကို စစ်ရှောင်လာကြတာဖြစ်ပြီး စားဝတ်နေရေး အခက်တွေ့နေသည်ဟု သိရသည်။

ရှမ်းလူငယ် တိုင်းယူအဖွဲ့ ရှမ်းမြောက်တာဝန်ခံ စိုင်းဟန်က “(TNLA) ညညဆိုရွာထဲတွေဝင်လာတယ်သေနတ်ဖောက်တယ်။ အဲ့ဒါနဲ့ ရွာသားတွေကမနေရဲတော့ အားလုံးက ဒီရွှေမြန်မာကျောင်းကိုပြေးကုန်ကြတာပဲ" ဟု လက်ရှိအခြေနေကိုပြောပြသည်။

အဆိုပါကိစ္စကြောင့် တအောင်း/ ပလောင်အဖွဲ့ (TNLA) ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

နမ္မတူ ရွှေမြင်သာကျောင်းကိုစစ်ရှောင်လာသူ ၃၀၀ ကျော်ရှိနေခြင်းဖြစ်ပြီး အချို့မှာ နီးစပ်ရာ ဆွေမျိုးအိမ်များသို့ ထွက်ခွာသူအချို့လည်း ရှိကြောင်းသိရသည်။ စစ်ရှောင်လာသည့် ဆိုက်ဒ်ခေါင် အုပ်စု ရွာ ၈ရွာတွင် စုစုပေါင်းခန့်မှန်းချေ လူ ၅၀၀ ကျော်ခန့်ရှိနိုင်ကြောင်း
ကိုစိုင်းဟန်က ခန့်မှန်း ပြောဆိုသည်။

လက်နက်ကိုင် လေးဖွဲ့ ဆုံနေသည်ဟုဆိုသော်လည်း ထိပ်တိုက်တွေ့ဆုံနေခြင်းမျိုးမဟုတ်ဘဲ တစ်ဖွဲ့ကို တစ်ရွာစီ စခန်းချနေခြင်းမျိုးဖြစ်သည်ဟု သိရသည်။

“တစ်ဖွဲ့နဲ့တစ်ဖွဲ့က တစ်မိုင်အဝေးလောက်မှာပဲရှိတော့တယ်ဗျ" ဟု ကိုစိုင်းဟန်ကပြောသည်။

တအောင်း/ ပလောင်အဖွဲ့ (TNLA) အနေဖြင့် ပန်ဝိုးရွာတွင် စခန်းချထားသည်ဟု ဒေသခံများပြောဆိုချက်ကို ကိုးကားပြီး နမ္မတူစစ်ရှောင်စခန်း အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကဆိုသည်။ သို့သော် အခြားအဖွဲ့များ မည်သည့်နေရာတွင် ရှိနေသည်ကို မဇ္ဈိမကအတည်ပြုနိုင်ခြင်းမရှိပေ။

“တိုက်ခိုက်မှုတွေဘာတွေတော့ မန်တုံဘက်ကတော့ ရှိတယ်လို့ကြားတယ်ခင်ဗျ။ ကျွန်တော်တို့ နမ္မတူဘက်အခြမ်းကတော့ မရှိသေးပါဘူး" ဟု နမ္မတူ စစ်ရှောင်စခန်း အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ပြောဆိုလိုက်သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...