KIO နုတ်ထွက်မည့်ကိစ္စ UNFC ညီလာခံတွင် ဆုံးဖြတ်၍ တပ်ပေါင်းစုအဖြစ်ဆက်လက်ရပ်တည်မည်

KIO နုတ်ထွက်မည့်ကိစ္စ UNFC ညီလာခံတွင် ဆုံးဖြတ်၍ တပ်ပေါင်းစုအဖြစ်ဆက်လက်ရပ်တည်မည်
by -
မဇ္ဈိမ
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ နုတ်ထွက်စာတင်ထားသော ကချင်လွတ်လပ်ရေးအဖွဲ့(KIO)အား နုတ်ထွက်ခွင့် ပြုရေး၊ မပြုရေး လာမည့် ဇွန်လဆန်းတွင် ပြုလုပ်မည့် ညီလာခံတွင် ဆုံးဖြတ်သွားမည်ဟု UNFC ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

“သူတို့ စာတင်တော့ တင်ထားတယ်။ ဒါကတော့ ညီလာခံမှာမှ ဆုံးဖြတ်မှာပါ။ ခုထိတော့ သူတို့ မနုတ်ထွက်ရသေးဘူး ခုထိနော်။ ဒါပေမဲ့ သူတို့နုတ်ထွက်ရင်လည်း ကျန်တဲ့ လက်တွဲနိုင်တဲ့ အဖွဲ့တွေ အားလုံးက လက်တွဲပြီးတော့ ဆက်လုပ်ဆောင်သွားဖို့ပါပဲလေ”ဟု နိုင်ဟံသာက မဇ္ဈိမကိုပြောသည်။

KIO ၏ နုတ်ထွက်စာကို UNFC မှ ပြီးခဲ့သည့် ဧပြီလ၂၉ ရက်က လက်ခံရရှိခဲ့သည်။ KIO နုတ်ထွက်သွားသော်လည်း တပ်ပေါင်းစု၏ ဆက်စပ်အဖွဲ့အစည်းအနေဖြင့် ဆက်လက် လက်တွဲသွားမည်ဟု နိုင်ဟံသာက ပြောသည်။

“သူတို့ကလည်း သူတို့ အခြေအနေအရပါ။ သူတို့ကလည်း နုတ်ထွက်ချင်တာ မဟုတ်ဘူး။ နောက်တဖက်က နုတ်ထွက်တယ်ဆိုပေမယ့် လက်တွဲနိုင်တဲ့ အပိုင်းကနေ ပြီးတော့ ဆက်စပ်အဖွဲ့အစည်းတွေအနေနဲ့ ပြန်ပြီးတော့ လက်တွဲသွားဖို့လည်း ရှိတယ်”ဟု သူက ဆက်လက် ပြောသည်။

အဖွဲ့၏ ညီလာခံကို လာမည့် ဇွန်လဆန်းပိုင်းတွင် ကျင်းပရန် ရည်ရွယ်ထားသော်လည်း ၂၁ ရာစုပင်လုံ ညီလာခံ ရှိနေသဖြင့် ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း သူက ပြောသည်။

ဧပြီ ၁၉ ရက်က ဖွဲ့စည်းလိုက်သော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် KIO သည် အစိုးရ ဖော်ဆောင်နေသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းမဟုတ်ဘဲ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) အပါအဝင် မြောက်ပိုင်း တပ်ဖွဲ့တို့နှင့် နိုင်ငံရေးဆွေးနွေးလမ်းကြောင်းဖြင့် ဆက်သွားရန် ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် လာမည့် မေလ ၂၄ ရက်တွင် ကျင်းပမည့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံတွင် UNFC အဖွဲ့ဝင်များအား လေ့လာသူအဖြစ်သာ တက်ရောက်ခွင့် ဖိတ်ကြားလာပါက UNFC အနေဖြင့် ညီလာခံတက်ရောက်မည် မဟုတ်ကြောင်း နိုင်ဟံသာက ပြောသည်။

“အန်ကယ်တို့က အရင်ကတည်းက သဘောထားချမှတ်ထားတယ်လေ။ လေ့လာသူအဆင့်၊ နားထောင်ရုံသက်သက်ဆို မတက်ဘူး။ သူတို့ပြောထားတဲ့ ပုံအရ သတင်းထဲမှာ ကြားတာက ကတိခံဝန်ချက်တွေ လက်မှတ်ထိုးမယ် ဆိုရင် အဲဒီမှာ ဆွေးနွေးပိုင်ခွင့်တွေ ရှိမယ်။ ဘာမှမထိုးဘူးဆိုရင်တော့ ဘာမှ ဆွေးနွေးပိုင်ခွင့်လည်း မရှိဘူးလို့ ကြားနေတယ်။ ခုထိတော့ အန်ကယ်တို့ကို ဖိတ်စာမရသေးဘူး”ဟု သူက ပြောသည်။

အလားတူ ဝ အမျိုးသားအဖွဲ့ချုပ် (WNO)ကလည်း UNFC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်လိုက်ကြောင်း မကြာသေးမီက ထုတ်ပြန်လိုက်သည်။ လက်ရှိ UNFC အဖွဲ့ဝင် ရ ဖွဲ့ရှိရာမှ KIO နှင့် WNO နုတ်ထွက်လျှင် အဖွဲ့ ၅ ဖွဲ့သာ ကျန်တော့သည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...