မူးယစ်ဆေးဝါးနှင့် လောင်းကစားက ကရင်ပြည်နယ်စီးပွားရေးကို ဟန့်တားနေဟုဆို

မူးယစ်ဆေးဝါးနှင့် လောင်းကစားက ကရင်ပြည်နယ်စီးပွားရေးကို ဟန့်တားနေဟုဆို
by -
မဇ္ဈိမ
မူးယစ်ဆေးဝါးနှင့် လောင်းကစားက ကရင်ပြည်နယ်၏ စီးပွားရေးတွင် အဟန့်အတားဖြစ်နေသည်ဟု ကရင်ကုန်သည်စက်မှုအသင်း ဥက္ကဋ္ဌ ဦးစောဟန်အေးက   ပြောဆိုလိုက်သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့ သီရိဘားအံဟိုတယ်တွင် လုပ်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ (Business for Peace – B4P) အစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က မေ ၁၄ ရက်စွဲဖြင့်ထုတ်ပြန်သည်။

အဆိုပါ ကိစ္စနှင့်ပက်သက်ပြီး ဦးစောဟန်အေးက “အစိုးရနဲ့ပြည်သူတွေ လုပ်ငန်းရှင်တွေ ပူးပေါင်းဖြေရှင်းမှရမယ်" ဟုသုံးသပ်သည်။

ကုန်သည်စက်မှုအသင်းချုပ်နှင့် United Nations Global Compact Network Myanmar တို့ ပူးပေါင်း၍ Business for Peace အခမ်းအနားကို ဘားအံမြို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းအခမ်းအနားတွင် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရန် ပြည်နယ်လုပ်ငန်းရှင်များကိုယ်စား ကရင်ကုန်သည်စက်မှုအသင်းက ကတိပြုလက်မှတ်ရေးထိုးခဲ့သည်။

ကရင်ပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်းများလိုအပ်နေသည်ကို “ဒေသအတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနေတယ်ဆိုရင် လုပ်သားတွေအတွက် အသက်မွေးကျွမ်းကျင် သင်တန်းတွေ ပေးနေတယ်ဆိုရင် ဒါဟာ ရုပ်ပိုင်းဆိုင်ရာ တိုးတတ်မှုကတစ်ဆင့် ငြိမ်းချမ်းမှု ဖန်တီးပေးနေတာဖြစ်တယ်" ဟု ကုန်သည်စက်မှု တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကပြောဆိုသည်။

အဆိုပါပွဲကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ UNGC Network Myanmar ဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းသက်၊ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်၊ ကုန်သည်စက်မှု တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် အပါအဝင် တာဝန်ရှိသူများတတ်ရောက်ခဲ့သည်။

အဆိုပါ Business for Peace ကို ဧပြီ ၄ ရက်က ရန်ကုန်မြို့တွင် စတင်မိတ်ဆက်ခဲ့ပြီး မေ ၁၃ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပခဲ့ကာ ယခုလ နောက်ဆုံးအပတ်တွင် မန္တလေးသို့ သွားရောက်ပြုလုပ်ဦးမည်ဖြစ်ကြောင်း သိရသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...