ရခိုင်အမျိုးသားပါတီ ANP ညီလာခံကို ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် ပြုလုပ်မည်

ရခိုင်အမျိုးသားပါတီ ANP ညီလာခံကို ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် ပြုလုပ်မည်
by -
မဇ္ဈိမ
ရခိုင်အမျိုးသားပါတီ ANP ၏ ဒုတိယအကြိမ် ပါတီဗဟိုညီလာခံကို လာမည့် ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံကို ကျင်းပနိုင်ရေးနှင့် ပတ်သက်ပြီး မေလ ၁၀ ရက်က ပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီအစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ညီလာခံ ကျင်းပမည့်ရက်ကို သတ်မှတ်နိုင်ခဲ့သော်လည်း မည့်သည့် မြို့နယ်အတွင် ကျင်းပမည်ကို မဆုံးဖြတ်ရသေးကြောင်း ရခိုင်အမျိုးသားပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

“ကျင်းပမဲ့နေရာကတော့ မသတ်မှတ်ရသေးဘူး။ လာမယ့် ဗဟိုကော်မတီ အစည်းအဝေးမှာပဲ ကျွန်တော်တို့က တင်ပြပြီးတော့ ဗဟိုကော်မတီကပဲ အပြီးသတ်ဆုံးဖြတ်ပြီးမှ ဘယ်နေရာမှာလုပ်မယ် ဆိုတာကို သိရမှာပါ။ ရက်ကတော့ ဒီဇင်ဘာလ နောက်ဆုံး အပတ်မှာလုပ် မယ်ဆိုပြီးတော့ ဆုံးဖြတ်ခဲ့ပါတယ်။” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

ရခိုင်အမျိုးသားပါတီ၏ ပထမအကြိမ်ညီလာခံကို ၂၀၁၄ ခုနှစ်က သံတွဲမြို့နယ် ငပလီကမ်းခြေတွင် ကျင်းပခဲ့ခြင်းဖြစ်ကာ ၃ နှစ်တာဖြတ်သန်းမှု ကာလအတွင်း ပါတီ၏အခက်အခဲများ၊ ပါတီ၏ ဖွဲ့စည်းပုံများကို လာမည့်ညီလာခံ၌ ထည့်သွင်းဆွေးနွေး မည် ဖြစ်သော်လည်း ပါတီညီလာခံသည် ထူးခြားသည့် အပြောင်းအလဲ ဖြစ်မလာနိုင်ကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။

၂၀၁၄ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် ပါတီညီလာခံမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)နှင့် ရခိုင်ဒီမိုကရေစီဖွဲ့ချုပ် (ALD) တို့ ပေါင်းစည်းပြီး ရခိုင်အမျိုးသားပါတီ -ANP ကိုဖွဲ့စည်းခဲ့သည့် ညီလာခံဖြစ်ကာ ဒုတိယအကြိမ်ညီလာခံကို ၃ နှစ်အတွင်းကျင်းပပြုလုပ်ရန် ဆုံးဖြတ်ထားခဲ့ပြီး အဆိုပါညီလာခံမှ ပါတီဗဟိုကော်မတီဝင် ၁၀၁ ဦး၊ အလုပ်အမှုဆောင်ကော်မတီဝင် ၆၄ ဦးတို့ဖြင့် ဖွဲ့စည်းထားခဲ့ကြောင်း သိရသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...