“၀ အဖွဲ့ UWSA ရဲ့ဌာနချုပ် ပန်ခမ်းမှာလုပ်ခဲ့တဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်းဖြစ်တာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေအနေနှင့် NCA မထိုးဘဲ နိုင်ငံရေးဆွေးနွေးမည်ဆိုသော ပန်ခမ်းဆုံးဖြတ်ချက်စာတမ်းကို တပ်မတော်နဲ့ အစိုးရဆီ တင်ပြထားလိုက်ပြီ” ဟု TNLA ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာဂျော့ကြားက ပြောသည်။
“ ဒီစာတမ်းတွေ အစိုးရဆီလည်းပို့ပြီးပြီ ။တပ်မတော်ဆီလည်း ပို့ပြီးပြီ ။ တရုတ်ကိုယ်စားလှယ်အနေနဲ့ အစိုးရရော တပ်မတော်ရော နားလည်အောင် ရှင်းပေးဖို့ ဒါကျွန်တော်တို့ သူ့ကိုတိုက်တွန်းတယ်ပေါ့ သူက ၂၁ ပင်လုံတတ်ဖို့လည်း တိုက်တွန်းတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ တစ်ဖွဲ့တည်း နှစ်ဖွဲ့တည်း ဖိတ်မယ်ဆိုရင်တော့ မတက်ဘူးပေါ့ ။ အားလုံးဖိတ်မယ်ဆိုရင် အားလုံးဖိတ် တက်မှာပေါ့။ ရ ဖွဲ့ရှိတယ်လေ။ ဒါပေမယ့် လေ့လာသူပုံစံနဲ့တော့ မတတ်ဘူးလေ ” လို့ သူက ပြောပါတယ်။
တရုတ်ပြည်နယ် ယူနန်မှာ ဒီကနေ့ (မေ ၁၁) ရက်မှာ ပြုလုပ်ခဲ့သော အစည်းအဝေးသို့ ကချင်အဖွဲ့ KIA၊ ၀ အဖွဲ့ UWSA၊ ကိုးကန့်အဖွဲ့ MNDAA၊ တအောင်း/ပလောင်အဖွဲ့ TNLA တို့ ၅ဖွဲ့ တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPPနဲ့ မိုင်းလားအဖွဲ့ NDAA တို့ကတော့ လာရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။ ။
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) လက်မှတ်မထိုးဘဲ အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရန်အတွက် နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ ဖွဲ့စည်းရေးအား လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA ) ဌာနချုပ် ပန်ခမ်းတွင် ပြုလုပ်သော တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးမှာ ဆုံးဖြတ်ထားသည်။
အဆိုပါကိစ္စနှင့် ပက်သက်ပြီး မြန်မာနိုင်ငံအစိုးရဘက်က တရားဝင် တုံ့ပြန်ပြောဆိုမှု တစ်စုံတစ်ရာလည်း မရှိသေးကြောင်း သိရသည်။







