မြောက်ပိုင်းမဟာမိတ်နှင့် တရုတ်ကိုယ်စားလှယ်တို့ တွေ့ဆုံ

မြောက်ပိုင်းမဟာမိတ်နှင့် တရုတ်ကိုယ်စားလှယ်တို့ တွေ့ဆုံ
by -
မဇ္ဈိမ
 မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ၅ဖွဲ့နှင့် တရုတ်ကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန် တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ယနေ့ (မေ ၁၁) တွေ့ဆုံခဲ့သည်။

“၀ အဖွဲ့ UWSA ရဲ့ဌာနချုပ် ပန်ခမ်းမှာလုပ်ခဲ့တဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်းဖြစ်တာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေအနေနှင့် NCA မထိုးဘဲ နိုင်ငံရေးဆွေးနွေးမည်ဆိုသော ပန်ခမ်းဆုံးဖြတ်ချက်စာတမ်းကို တပ်မတော်နဲ့ အစိုးရဆီ တင်ပြထားလိုက်ပြီ” ဟု TNLA ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာဂျော့ကြားက ပြောသည်။

“ ဒီစာတမ်းတွေ အစိုးရဆီလည်းပို့ပြီးပြီ ။တပ်မတော်ဆီလည်း ပို့ပြီးပြီ ။ တရုတ်ကိုယ်စားလှယ်အနေနဲ့ အစိုးရရော တပ်မတော်ရော နားလည်အောင် ရှင်းပေးဖို့ ဒါကျွန်တော်တို့ သူ့ကိုတိုက်တွန်းတယ်ပေါ့ သူက ၂၁ ပင်လုံတတ်ဖို့လည်း တိုက်တွန်းတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ တစ်ဖွဲ့တည်း နှစ်ဖွဲ့တည်း ဖိတ်မယ်ဆိုရင်တော့ မတက်ဘူးပေါ့ ။ အားလုံးဖိတ်မယ်ဆိုရင် အားလုံးဖိတ် တက်မှာပေါ့။ ရ ဖွဲ့ရှိတယ်လေ။ ဒါပေမယ့် လေ့လာသူပုံစံနဲ့တော့ မတတ်ဘူးလေ ” လို့ သူက ပြောပါတယ်။

တရုတ်ပြည်နယ် ယူနန်မှာ ဒီကနေ့ (မေ ၁၁) ရက်မှာ ပြုလုပ်ခဲ့သော အစည်းအဝေးသို့ ကချင်အဖွဲ့ KIA၊ ၀ အဖွဲ့ UWSA၊ ကိုးကန့်အဖွဲ့ MNDAA၊ တအောင်း/ပလောင်အဖွဲ့ TNLA တို့ ၅ဖွဲ့ တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPPနဲ့ မိုင်းလားအဖွဲ့ NDAA တို့ကတော့ လာရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။ ။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) လက်မှတ်မထိုးဘဲ အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရန်အတွက် နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ ဖွဲ့စည်းရေးအား လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က “ဝ”  ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA ) ဌာနချုပ် ပန်ခမ်းတွင် ပြုလုပ်သော တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးမှာ ဆုံးဖြတ်ထားသည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး မြန်မာနိုင်ငံအစိုးရဘက်က တရားဝင် တုံ့ပြန်ပြောဆိုမှု တစ်စုံတစ်ရာလည်း မရှိသေးကြောင်း သိရသည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...