UNFC မူအတုုိင်း ဆက်သွားရန် မွန်ပြည်သစ်ပါတီ ဆုံုးဖြတ်

UNFC မူအတုုိင်း ဆက်သွားရန် မွန်ပြည်သစ်ပါတီ ဆုံုးဖြတ်
by -
မဇ္ဈိမ
မွန်ပြည်သစ်ပါတီ (NMSP) ဗဟုုိကော်မတီ အစည်းအဝေးမှ တစ်နုုိင်ငံလုံုး ပစ်ခတ်တုုိက်ခုုိက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA)ကုုိ ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မူအတုုိင်း ဆက်လက် ရပ်တည်သွားရန် အပါအဝင် အချက် ၃ ချက် ဆွေးနွေးဆုံုးဖြတ်ခဲ့သည်ဟုု သိရသည်။

ထုုိ့ပြင် မွန်နုုိင်ငံရေးပါတီများ ပေါင်းစည်းရေးအတွက် ဆက်လက်ပြီး နည်းလမ်းရှာကြိုးပမ်းသွားရန်နှင့် တံတားအရေးကိစ္စနှင့် စပ်လျဉ်း၍ မွန်ပြည်သူလူထုုမှ ညီညွတ်စွာ တုုိက်ပွဲဝင်နေသည်ကုုိ   ထောက်ခံကြောင်းနှင့် မွန်ပြည်သူများ ဆန္ဒပြ တောင်းဆုုိ နေချိန်တွင် မွန်ပြည်သစ်ပါတီမှ တစ်စုံုတစ်ရာ ထုုတ်မပြောခဲ့ခြင်းသည် နောက်ကွယ်မှ မွန်ပြည်တစ်ပါတီနှင့် ပတ်သက် ဆက်နွယ်နေသည် ဆုုိသည့် စွပ်စွဲချက်မျိုး ဖြစ်ပေါ်မည်ကုုိ မလုုိလားခြင်းကြောင့် ဖြစ်ကြောင်း စသည့်တုုိ့ သဘောတူ ဆုံုးဖြတ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ၏ လူမှုကွန်ယက်တွင် မွန်ဘာသာဖြင့် ဖော်ပြထားသည်။

“ကျွန်တော်လည်း မွန်ဘာသာနဲ့ ရေးထားတာတွေပဲ သိပါတယ်။ ယူအန်အက်ဖ်စီ မူအတုုိ်င်း ရပ်တည်သွားမယ်ဆုုိတဲ့ အချက်တွေ ပါပါတယ်” ဟုု မွန်ပြည်သစ်ပါတီ၏ ဗဟုုိကော်မတီဝင် တစ်ဦးဖြစ်သူ နုုိင်ရွှေသိန်းက မဇ္စျိမကုုိ ပြောသည်။

မွန်ပြည်သစ်ပါတီ၏ ဌာနချုပ် ရေးချောင်းဖျားတွင် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်မှ မေလ ၈ ရက်နေ့ထိ ကျင်းပခဲ့ပြီး အဆုုိပါ အချက် ၃ ချက်ကုုိ ဆွေးနွေးဆုံုးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆုုိပါ အစည်းအဝေးသည် မွန်ပြည်သစ်ပါတီ၏ ညီလာခံမှ သတ်မှတ်ထားသည့် ၆ လတစ်ကြိမ် ကျင်းပသော ပထမဆုံုးအကြိမ်နှင့် အရေးကြီးဆုံုး အစည်းအဝေး ဖြစ်ပြီး မွန်ပြည်သစ်ပါတီ ဗဟုုိကော်မတီ အစည်းအဝေးတွင် NCA လက်မှတ်ရေးထုုိးရေး၊ မထုုိးရေးနှင့် မွန်ပါတီများ ပေါင်းစည်းနုုိင်ရေးတုုိ့ ဆွေးနွေးနုုိင်ရေး တိုု့ အပါအဝင် ဆွေးနွေးရန် ကျင်းပခဲ့ခြင်း ဖြစ်သည်ဟုု သိရသည်။

ဦးသိန်းစိန် အစုုိးရ လက်ထက် ၂၀၁၂ ခုုနှစ် ဖေဖော်ဝါရီလက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထုုိးခဲ့သော်လည်း တုုိင်းရင်းသားလက်နက်ကုုိင် အဖွဲ့အစည်းများ အားလုံုးပါဝင်ရေးအတွက် UNFC နှင့်အတူ NCA လက်မှတ်ရေးထုုိးနုုိင်ရေး အတွက် ဆွေးနွေးနေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုုနှစ် တွင် အစိုုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး ၂၀၁၀ ခုုနှစ် စက်တင်ဘာလတွင် အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့သည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...