ရခိုင်အမျိုးသားပါတီ ၂၁ ရာစုပင်သို့ တက်၊ မတက် UPDJC အစည်းအဝေးပြီးမှ ဆုံးဖြတ်မည်

ရခိုင်အမျိုးသားပါတီ ၂၁ ရာစုပင်သို့ တက်၊ မတက် UPDJC အစည်းအဝေးပြီးမှ ဆုံးဖြတ်မည်
by -
မဇ္ဈိမ
ရခိုင်အမျိုးသားပါတီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)သို့ တက်၊မတက်ဆိုသည်မှာ မေလ ၁၂ ရက်နေ့ကျင်းပမည့် UPDJC အစည်းအဝေးပြီးမှသာ ပြောဆိုနိုင်မည်ဖြစ်ကြောင်း မေလ ၁၀ရက်ကပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီအစည်းအဝေး၌ ပါတီ အထွေထွေအတွင်းရေး ဦးထွန်းအောင်ကျော်ကပြောသည်။

အဆိုပါ UPDJC အစည်းအဝေးကို ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်တက်ရောက်မည်ဖြစ်ပြီး ရခိုင်အမျိုးသားပါတီ၏ ရပ်တည်မှု၊ ရခိုင်ပြည်နယ်အတွင်း အမျိုးသားအဆင့်   နိုင်ငံရေးဆွေးနွေးမှု မလုပ်ရသေးသည့် အကြောင်းအရာများအား ဆွေးနွေးသွားမည်ဖြစ်ကာ ထိုသို့ဆွေးနွေးပြီးမှသာ ရခိုင်အမျိုး သားပါတီအနေဖြင့် ၂၁ ရာစုပင်လုံကို တက်/မတက်စသည့် အခြေအနေများကို ဆုံးဖြတ်နိုင်မည်ဖြစ် ကြောင်း ဦးထွန်းအောင်ကျော်ကပြောသည်။

“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိစ္စကိုတော့ ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်က ၁၂ ရက်နေ့ နေပြည််တော်မှာ UPDJC အစည်းအဝေးရှိပါတယ်၊ အဲဒီမှာ ရခိုင်အမျိုးသားပါတီရဲ့ ရပ်တည်မှု အခြေအနေတွေ၊ အဓိကတော့ ရခိုင်ပြည်တွင်း အမျိုးသားအဆင့်နိုင်ငံရေးမူဘောင်ဆွေးနွေးမှုတစ်ခုကို မလုပ်ရသေးဘူး။ ဒါတွေကိုဥက္ကဌကဆွေးနွေးလိမ့်မယ်၊ အဲဒီလိုဆွေးနွေးပြီးမှ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့ ငြိမ်းချမ်းရေးညီလာခံကို ဘယ်လိုဆက်သွားမလဲဆိုတာ မူတယ်တယ်။”ဟု ဦးထွန်းအောင်ကျော်ကပြောသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ငြိမ်းချမ်ရေးညီလာခံကို ထောက်ခံကြိုဆိုပြီး ငြိမ်းချမ်းရေးကိုလည်း အမြန်ဆုံးဖြစ်စေလိုကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း ရခိုင်အမျိုးသားပါတီအနေဖြင့် ပါဝင်ရန်ဆောင်ရွက်ရန် ဆုံးဖြတ်ထားသော်လည်း မိမိတို့ရခိုင်အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေမည်ကိစ္စများရှိလာပါက အကြေအလည်ဆွေးနွေးရန် ဆုံးဖြတ်ထားကြောင်းလည်းဆိုသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့ အစဉ်ပဲဆုံးဖြတ်ထားပါတယ်၊ ဒါပေမဲ့ မိမိတို့ ရခိုင်အမျိုးသား အကျိုးစီးပွားနဲ့ အလွန်အမင်း ထိခိုက်လာမယ်ဆိုရင်တော့ ထပ်ပြီးတော့ အကြေအလည်ဆွေးနွေးဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ဦးထွန်းအောင်ကျော်ကပြောသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်အား လုပ်ဆောင်နိုင်ရန် အဆုံးဖြတ်ပေးနိုင်သည့် တာဝန်ရှိသူများအနေဖြင့် စိတ်ကောင်းစေတနာကောင်းဖြင့်  လုပ်ခွင့်ပေးသင့်ကြောင်းလည်း ၎င်းကပြောသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...