ဘူးသီးတောင်မြို့နယ် ဖွံ့ဖြိုးရေးအတွက် ငွေကျပ် သိန်း ၂၃၀၀ကျော် သုံးမည်ဟုဆို

ဘူးသီးတောင်မြို့နယ် ဖွံ့ဖြိုးရေးအတွက် ငွေကျပ် သိန်း ၂၃၀၀ကျော် သုံးမည်ဟုဆို
by -
မဇ္ဈိမ
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် မြို့သာယာရေး နှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များအတွက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း လုပ်ငန်းများသုံးစွဲမှု အနေဖြင့် ငွေကျပ်သိန်း ပေါင်း ၂၃ဝဝ ကျော်သုံးမည်ဟု မေ ရရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

လက်ရှိတွင် မြို့နယ် စည်ပင်သာယာအဖွဲ့ပိုင်ငွေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် လုပ်ငန်းပေါင်း ၂၃ခုကို အကောင်အထည်ဖော်ရန် လျာထားထားသည်ဟု ဆိုသော်လည်း ပြည်နယ်အစိုးရကမူ ဘတ်ဂျက်ငွေ ချမပေးသေးသည့်အတွက် လုပ်ငန်းမည်မျှ အကောင်အထည်ဖော်နိုင်မည်ကိုမူ မသိရသေးကြောင်း ဘူးသီးတောင်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ဦးခင်မောင်သန်း(ဦးစီးအရာရှိ)က ပြောကြားထားမှုကို ကိုးကားကာ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...