မဟာမုနိဘုရားမှ စွန့်ပယ်ထားသော ရတနာများဖြင့် ဆင်းတုတော်တစ်ဆူသွန်းလုပ်

မဟာမုနိဘုရားမှ စွန့်ပယ်ထားသော ရတနာများဖြင့် ဆင်းတုတော်တစ်ဆူသွန်းလုပ်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် တည်ရှိသည့် မဟာမြတ်မုနိဘုရားမှ စွန့်ပယ်လိုက်သည့် ရွှေများဖြင့် ဆင်းတု တော်တစ်ဆူကို မေလ ၄ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်မှ စတင်ကာ မဟာမုနိကုန်းတော်၌ သွန်းလုပ်လျှက် ရှိနေကြောင်း မဟာမုနိ ဘုရားဂေါပက အဖွဲ့ဝင်များထံမှ သိရသည်။

“အများပြည်သူ ကိုးကွယ်နိုင်အောင်အတွက် သွန်းလုပ်ခြင်း ဖြစ်တယ်။ နောင်လာမယ့် သား/သမီး အနာဂတ်အတွက် ဗုဒ္ဓဘာသာ တာရှည်တည်တံံ့ ခိုင်မြဲစေဖို့ကို ရည်ရွယ်ပြီးတော့ သွန်းလုပ်ခြင်းဖြစ်တယ်။” ဟု မဟာမြတ်မုနိဘုရား ဂေါပက ဥက္ကဋ္ဌ ဦးညိုသာလှက ပြောသည်။

အဆိုပါ ရုပ်ပွားတော်ကို ရခိုင်သက္ကရာဇ် ၁၃၇၉ ခု၊ ကဆုန်လပြည့် (၂၀၁၇ ခုနှစ် မေလ ၁၀ ရက်) နေ့တွင် မဟာမြတ်မုနိ သိမ်တော်အတွင်း တည်ထားကိုးကွယ် သွားမည်ဖြစ်ကြောင်း သိရသည်။

ရုပ်ပွားတော်၏ ဉာဏ်တော်မှာ အမြင့် (၉) လက်မဖြစ်ကာ စမ္မခဏ်မှ မကိုဍ်တော်ထိ အမြင့် ၁၃ လက်မ ရှိမည်ဖြစ်ကြောင်း အဆိုပါ ရုပ်ပွားတော်တွင် ရွှေနှင့်အခြားသတ္တုများ ရောနှောပါဝင်ပြီး အလေးချိန် (၄၈၇ ကျပ်၊ ၁ ပဲ၊ ၆ ရွဲး) ခန့် ပါရှိကြောင်း ဂေါပက အဖွဲ့၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးကို ဓညဝတီခေတ်တွင် ဘုရင်စန္ဒသူရိယအမှုပြုကာ ရွှေသားအပါအဝင် သတ္တုကိုးမျိုးတို့ဖြင့် ရောနှော၍ ကဆုန်လပြည့်နေ့တွင် သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုသွန်းလုပ်နေသည့် ဆင်းတုတော်တွင် ပါဝင်သော ရွှေသားများနှင့် အခြားသတ္တုများမှာ မဟာမုနိဘုရားသို့ လာရောက်ဖူးမျှော်ခဲ့ကြသော ဘုရားဖူးခရီးသည်များမှ ကုသိုလ်ဒါနပြုခဲ့ကြသည့် ရတနာများလည်းဖြစ်ကြောင်း သိရသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...