ပဋိပက္ခအများဆုံးဖြစ်နိုင်သည့်နေရာများတွင် ဒေသန္တရ JMC များဖွဲ့သွားမည်

ပဋိပက္ခအများဆုံးဖြစ်နိုင်သည့်နေရာများတွင် ဒေသန္တရ JMC များဖွဲ့သွားမည်
by -
မဇ္ဈိမ
အပစ်ရပ်စာချုပ် NCA ထိုးထားသည့်အဖွဲ့များကြားမှ တိုက်ခိုက်မှုတွေကိုစောင့်ကြည့်ရန် ပဋိပက္ခအများဆုံး ဖြစ်နိုင်သည့်နေရာများတွင် ဒေသန္တရ JMC တွေ ဖွဲ့သွားမည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ၀ဏ္ဏအောင်က ပြောဆိုလိုက်သည်။

" JMC-L ကို ကျွန်တော်တို့က အဓိက ကတော့ လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုကြားပေါ့။ ပဋိပက္ခအများဆုံးဖြစ်နိုင်တဲ့နေရာလေးတွေကို ရွေးချယ်ပြီးဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်မှာတစ်နေရာရွေးထားပါတယ်။ ကရင်ပြည်နယ်မှာ တစ်နေရာရွေးထားမှာဖြစ်ပါတယ်။ ပဲခူးမှာ ရွေးထား မှာ ဖြစ်ပါတယ်။ ဒါကတော့ လျာထားပြီးတော့ ရွေးချယ်ထားတာဖြစ်ပါတယ်။ ရှမ်းပြည်ဘက်ဆိုရင်တော့ လင်းခေးမှာပေါ့။ လင်းခေး ဘက်အခြမ်းပေါ့ ။ ကရင်ပြည်နယ်ဆိုရင်တော့ ဖာပွန်လိုနေရာမျိုးပေါ့ ။ ပဲခူးတိုင်းဆိုတော့လည်း ဘောဂလိ လိုနေရာမျိုးပေါ့ ဒါလျာထားတာပါ" ဟု JMC-U အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ၀ဏ္ဏအောင် ကပြောသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲလေ့လာစောင့်ကြည့်ရေးကော်မတီ JMC ၏ ၁၀ ကြိမ်မြောက်အစည်း အဝေးအပြီး မီဒီယာတွေကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒေသန္တရ JMC အဖွဲ့တွေရဲ့ ကုန်ကျစရိတ်ကို JMC-U  ဘတ်ဂျက်ထဲမှ ကျခံသွားမည်ဖြစ်သည်။ ဒေသန္တရ JMC အဖွဲ့ တွေကို မည်သည့်နေရာများတွင် ဖွဲ့စည်းမည်ဆိုတာကို တိတိကျကျမပြောနိုင်သေးသော်လည်း ၁၀ နေရာအထိ ဖွဲ့သွားမည်ဟု သိရသည်။

" JMC-L ဖွဲ့စည်းဖို့ ကျွန်တော်တို့ ဆွေးနွေးကြပါတယ်။ ဂျွန်လမတိုင်ခင် မကုန်ခင်ပေါ့။ အဲ့ဒီ့မှာကတော့ ရှမ်းပြည်နယ်မှာတစ်ခု ကရင်ပြည်နယ်မှာတစ်ခု ပဲခူး JMC-S အောက်မှာ တစ်ခုဖွဲ့စည်းဖို့ ဒါပေမယ့် ဒီ JMC-L ဖွဲ့စည်းတဲ့ဟာက JMC-S ကနေဆုံးဖြတ်ရမှာဖြစ်တာပေါ့ " ဟု JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါး ကပြောဆိုသည်။

လတ်တလောတွင် တိုင်းနှင့် ပြည်နယ်အဆင့် JMC-S များကို ကရင်၊ မွန်၊ တနင်္သာရီ၊ ပဲခူးနဲ့ ရှမ်းပြည်နယ်တွေမှာဖွဲ့စည်းထားပြီး ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တွင် ဖွဲ့စည်းရန်ကျန်နေသေးသည်။

တိုင်းနှင့်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) သည် NCA  လက်မှတ်ရေးထိုး ထားသည့် အဖွဲ့များ၏ ပစ်ခတ်မှုအခြေနေများကို စောင့်ကြည့်ရမည်ဖြစ်သည်။

ဒေသန္တရ ပူးတွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ ( JMC-L) များတွင် အရပ်သား လုပ်အားပေးများကိုလည်း ခန့်အပ်သွားမှာဖြစ်သည်ဟု သိရသည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...