အရည်အသွေးမြင့် ပိတောက်သစ်လုံးကြီးများနှင့် တမလန်းသစ်များအား ၂၂ ဘီးကားအပါအဝင် ကားလေးစီးဖြင့် ရေပူတွင်ဖမ်းမိ

အရည်အသွေးမြင့် ပိတောက်သစ်လုံးကြီးများနှင့် တမလန်းသစ်များအား ၂၂ ဘီးကားအပါအဝင် ကားလေးစီးဖြင့် ရေပူတွင်ဖမ်းမိ
by -
မဇ္ဈိမ
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ လေးဖာလုံအကွာတွင် အရည်အသွေးမြင့် ပိတောက်သစ်လုံးကြီးများနှင့် တမလန်းသစ်များအား ၂၂ ဘီးကားနှင့် ၁၂ ဘီးကားသုံးစီးပေါ်မှ ဖရဲုသီးဖာများဖုံးအုပ်လျက် မေလ ၃ရက်၊ နံနက် ၁ နာရီဝန်းကျင်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန် ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မဇ္ဈိမသို့ပြောသည်။

အဆိုပါ ပိတောက်သစ်လုံးများ သယ်ဆောင်လာသည့် ၂၂ ဘီးကားမှာ စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးဖမ်းဆီးနေမှုကြောင့် ရေပူဂိတ်နှင့် လေးဖာလုံအကွာတွင် ရပ်ထားခြင်းဖြစ်ပြီး ရေပူအဖွဲ့မှ မသင်္ကာ၍  သွားရောက်စစ်ဆေးခဲ့ရာ ကားသမားမှာထွက်ပြေးသွားပြီး ကားစပယ်ယာတစ်ဦးနှင့်အတူ ဖရဲသီးဖာများဖုံးအုပ်လျက် ပိတောက်သစ်လုံးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ၂၂ ဘီးကားအပြင် တစ်နာရီခန့်အကြာတွင် ရပ်ဆိုင်းထားသည့် ကားများကို စစ်ဆေးရာ ၁၂ ဘီးကား သုံးစီးပေါ်တွင် ပိတောက်သစ်များကိုထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကာ ယင်းကားသုံးစီးမှ ကားသမားသုံးဦးနှင့် စပယ် ယာတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဦးတက်ထွန်းအောင်ကပြောသည်။

“ဒီနေ့မနက်ကတော့ ၂၂ ဘီးကားတစ်စီးရယ်၊ ၁၂ ဘီးကားသုံးစီးရယ် ဖမ်းဆီးရမိခဲ့တာပေါ့။ မူမမှန်တဲ့ ကား တွေကို ပစ်မှတ်ထားပြီစစ်တာပေါ့။ ဒီကားလေးစီးက ဖမ်းမိတဲ့ လူ ၆ ဦးကိုတော့ သိန႖ီရဲစခန်းကိုလွှဲလိုက်ပါပြီ”ဟု ဦးတက်ထွန်းအောင်ကပြောသည်။

အဆိုပါဖမ်းဆီးရမိသည့် ပိတောက်သစ်လုံးများနှင့် တမလန်းသစ်များကို စစ်ဆေးပြီးပါက ဧပြီလ ၂၈ ရက်နေ့က ၁၂ ဘီးကား ၅ စီးအပြည့်ဖမ်းဆီးရမိခဲ့သည့် ပိတောက်သစ်များနှင့်အတူ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင်ကားပေါင်း ၅ဝဝဝမှ ၆ဝဝဝထိ ဖြတ်သန်းသွားလာနေပြီး အဆိုပါ ကားများမှ တရားမဝင် သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခိုကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များနှင့် အသုံးအဆောင်ပစ္စည်းများကို   ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ၁၂ ဖွဲ့မှ ဇန်နဝါလ ၁၆ ရက်မှ စတင်ကာ စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...