မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ၏ သဘောထား အစိုးရက ရှင်းရှင်းလင်းလင်း မသိရသေးဟုဆို

မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ၏ သဘောထား အစိုးရက ရှင်းရှင်းလင်းလင်း မသိရသေးဟုဆို
by -
မဇ္ဈိမ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
နေပြည်တော်(ဧပြီ ၂၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ ဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သဘောထား၊ ရပ်တည်ချက်များကို  ရှင်းရှင်းလင်းလင်း မသိရှိရသေး၍ အစိုးရအနေဖြင့် သဘောထားမှတ်ချက်ပေးရန် စောနေသေးကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ပန်ခမ်းမြို့တွင်ပြုလုပ်ခဲ့သည့် ‘ဝ’ ၊ ကိုးကန့်၊ မိုင်းလား၊ TNLA ၊ KIA ၊ SSPP နှင့် AA တို့ ပါဝင်သော ညီလာခံအပြီး ဧပြီ ၁၉ရက်က ထုတ်ပြန်ကြေငြာချက်နှင့်ပတ်သက်၍ ဦးဇော်ဌေးက ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အထွေထွေမူဝါဒနဲ့ ရပ်တည်ချက် ဆိုတဲ့ စာတမ်းကို အစိုးရဆီ ပို့မယ် ပြောတယ်။ ဒီစာတမ်း အစိုးရထံ မရောက်ရှိသေးတဲ့အတွက် သူတို့ရပ်တည်ချက် ဘာဆိုတာ မသိရသေးဘူး။ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါကြောင့် ဒီအပေါ် အစိုးရရဲ့ သဘောထား ဆိုတာကို ပြောဖို့ စောပါသေးတယ်။ မှတ်ချက် ပေးဖို့ ခက်တယ် ဆိုတာပါပဲ” ဟု ဦးဇော်ဌေးက ဧပြီ ၂၁ရက်တွင် ပြောသည်။

ပန်ခမ်းကြေငြာချက်အရ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု များပြုလုပ်ရာတွင် တစ်ဖွဲ့ချင်း ဆွေးနွေးမှုမပြုဘဲ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ အနေဖြင့်သာ ဆွေးနွေးသွားမည်ဟု ပါရှိသည်။

ပန်ခမ်းညီလာခံသို့ တက်ရောက်သည့် လက်နက်ကိုင်အဖွဲ့အစည်း (၇)ဖွဲ့တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ အဖွဲ့ဝင်တချို့လည်း ပါဝင်နေသည့်အတွက် ထိုအဖွဲ့များ၏ သဘောထားကိုလည်း မသိရသေးကြောင်း ဦးဇော်ဌေးက ပြောသည်။

“ပါဝင်တဲ့ ရ ဖွဲ့နဲ့ ပတ်သက်လို့ UNFC ဘက်မှလည်း ပါဝင်နေတဲ့ အဖွဲ့တွေ ပါနေတယ်။ UNFC က NCA လမ်းကြောင်းအတိုင်း သွားဖို့ ဆိုတာကို ချင်းမိုင် အစည်းအဝေးမှာ ထပ်လောင်း အတည်ပြု ထားတယ်။ ဒီအဖွဲ့တွေရဲ့ သဘောထားက ဘာလဲ မရှင်းသေးဘူး။ ဒီအဖွဲ့တွေက ထုတ်ဖော် ပြောကြား ချက်တွေလည်း မရှိသေးဘူး” ဟု ဦးဇော်ဌေးက ဆိုသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...