ယခုပြုလုပ်သည့်သင်တန်းတွင် ရဲတပ်ဖွဲ့ သင်တန်းသား ၁၁၅ ဦးပါ၀င်မည် ဖြစ်ကြောင်း သင်တန်းမှူးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“အခြေခံ ၄ လ သင်တန်း အပြီးမှာ ခု သင်တန်းဆင်းပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။ ယခု သင်တန်းကတော့ ယခင်သင်တန်းတွေနဲ့ နှိုင်းယှဉ်ရင် စိတ်ဓာတ်ပိုင်းအရရော တိုးတက်မှု အများကြီးရှိပါတယ်”ဟု သင်တန်းမှူးက ့ ပြောသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့တွင် ပါ၀င် တာဝန်ထမ်းဆောင်လိုသူများအနေဖြင့် အသက် ၁၈ နှင့် ၂၅ နှစ်ကြားရှိရမည်ဖြစ်ပြီး ၈ တန်း အဆင့် အောင်မြင်ထားပြီးသူဖြစ်ရမည်ဟု သိရသည်။
ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ ဥပဒေ စိုးမိုးရေးနှင့် ကာကွယ်ရေးတို့ အတွက် ရဲတပ်ဖွဲ့ဝင်အင်အား အများအပြားလိုအပ်နေပြီး စိတ်ပါ၀င်စားနေသူများအနေဖြင့် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တွင် လာရောက်လျှောက်ထားစေလိုသည်ဟု သင်တန်းမှူးက ပြောသည်။







