အခြေခံ ရဲသင်တန်းဆင်းပွဲအတွက် စစ်ရေးပြ လေ့ကျင့်မှုများ စစ်တွေတွင် ပြုလုပ်

အခြေခံ ရဲသင်တန်းဆင်းပွဲအတွက် စစ်ရေးပြ လေ့ကျင့်မှုများ စစ်တွေတွင် ပြုလုပ်
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အခြေခံရဲသင်တန်း အပတ်စဉ် (၂၉၇) သင်တန်းဆင်းပွဲ အခမ်းအနားကို လာမည့် မတ်လ ၃၁ ရက်နေ့တွင် စစ်တွေမြို့ ပြည်နယ်အကူတပ်ဖွဲ့ခွဲ သင်တန်းကွင်း၌ ပြုလုပ်မည် ဖြစ်ရာ ယခုအခါ ရဲတပ်သင်တန်းသားများ အနေဖြင့် သင်တန်းဆင်းပွဲ အတွက် စစ်ရေးပြ အစီအစဉ်များကို ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ယခုပြုလုပ်သည့်သင်တန်းတွင် ရဲတပ်ဖွဲ့ သင်တန်းသား ၁၁၅ ဦးပါ၀င်မည် ဖြစ်ကြောင်း သင်တန်းမှူးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“အခြေခံ ၄ လ သင်တန်း အပြီးမှာ ခု သင်တန်းဆင်းပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။ ယခု သင်တန်းကတော့ ယခင်သင်တန်းတွေနဲ့ နှိုင်းယှဉ်ရင် စိတ်ဓာတ်ပိုင်းအရရော တိုးတက်မှု အများကြီးရှိပါတယ်”ဟု သင်တန်းမှူးက ့ ပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့တွင် ပါ၀င် တာဝန်ထမ်းဆောင်လိုသူများအနေဖြင့် အသက် ၁၈ နှင့် ၂၅ နှစ်ကြားရှိရမည်ဖြစ်ပြီး ၈ တန်း အဆင့် အောင်မြင်ထားပြီးသူဖြစ်ရမည်ဟု သိရသည်။

ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ ဥပဒေ စိုးမိုးရေးနှင့် ကာကွယ်ရေးတို့ အတွက် ရဲတပ်ဖွဲ့ဝင်အင်အား အများအပြားလိုအပ်နေပြီး စိတ်ပါ၀င်စားနေသူများအနေဖြင့် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တွင် လာရောက်လျှောက်ထားစေလိုသည်ဟု သင်တန်းမှူးက ပြောသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...