ကွတ်ခိုင်တွင် တပ်မတော်၏ လုံခြံုရေးတပ် နှင့် ပြည်သူ့စစ်ကို TNLA နှင့် KIA ပူးပေါင်းတိုက်ခိုက်

ကွတ်ခိုင်တွင် တပ်မတော်၏ လုံခြံုရေးတပ် နှင့် ပြည်သူ့စစ်ကို TNLA နှင့် KIA ပူးပေါင်းတိုက်ခိုက်
by -
မဇ္ဈိမ
ရှမ်းပြည်နယ်မြောက်ပုုိင်း ကွတ်ခုုိင်မြို့နယ်  လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီး လုံခြံုရေးအတွက် ချထားသော ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်မတော်နှင့် ပြည်သူ့စစ် တို့၏ ပန်လော့ အမည်ရ ပူးပေါင်း တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် တအာင်းအမျိုးသားတပ် (TNLA) တို့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ်လ ၄ရက်က သတင်းထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ပန်လော့စခန်း၌ တာဝန်ထမ်းဆောင်နေသည့် အရာရှိ၊ စစ်သည်တစ်ချို့နှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ချို့ ကျဆုံးခဲ့ပြီး လက်နက်ငယ်တစ်ချို့နှင့် ဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့သည်ဟုသိရသည်။

TNLA ၏ ပြောရေးဆုုိခွင့်ရှိသူ မုုိင်းအုုိက်ကျော်ကမူ “ဒီမနက် ၃ နာရီခွဲကနေ ၆ နာရီလောက်ထိ မုုိင်းယုုလေးအနီးက တပ်မ ၃၃ ရဲ့ တပ်စခန်းမှ တုုိက်ပွဲဖြစ်တယ်။ ဘာကြောင့် တုုိက်ပွဲဖြစ်တာလဲဆိုတော့ အရင်တုုန်းက ပန်ဆန်းပြည်သူ့စစ်စခန်းဖြစ်တယ်။ သူတိုု့ အဲဒီမှာနေပြီးတော့ အဓိက သူတုုိ့ တပ်စခန်းချထားတဲ့ ကိစ္စကတော့ ကျနော်တိုု့အဖွဲ့က မူးယစ်ဆေးဝါးတွေကုုိ လိုက်လံဖမ်းဆီးနေတဲ့အခါကြတော့ အဲဒီဘက်ခြမ်းမှာ ထုုိးစစ်ကများတယ်။ အဲဒါကုုိ အကြောင်းပြပြီး စခန်းကုုိ ဆောက်လုုပ်ပြီးတော့ မူးယစ်ဆေးဝါး ဖြန့်ဖြူးမှုတွေ လုပ်တယ်။ ကျနော်တိုု့ အဖွဲ့လည်း ထုုိးစစ်ပြန်လုုပ်တော ့သူတိုု့ ခဏပြန်ရုတ်တယ်။ ပြီးတော ့မြန်မာ့တပ်မတော်က ပြန်တက်လာတယ်။ အစက တပ်မ ရ၇ နေတယ်။ အခုုက တပ်မ ၃၃ က ပြန်နေတယ်။ ပန်ဆေးပြည်သူ့စစ်နဲ့အတူ ပူးပေါင်းပြီးမှ နေတယ်”ဟု မတ်လ ၄ရက်က မဇ္ဈိမကိုပြောသည်။

ယင်းအပြင် တပ်မတော်အနေဖြင့် ထိုဒေသတွင် လွန်ခဲ့သည့် တစ်လ၊ နှစ်လခန့်က ဒေသခံများအား ဆန်၊ ဆီ အကန့်အသတ်ဖြင့်သာ သယ်ဆောင်ခွင့်ပြုခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်ခဲ့သည်ဟု တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်းကို TNLA က ဆိုထားသည်။

TNLAက နယ်မြေရှင်းလင်းမှုလုပ်စဉ် မန်လွယ်ဘက်မှ တပ်မတော်၏ စစ်ကူများ ရောက်လာသဖြင့် တုုိက်ပွဲ တစ်နာရီကြာ ပြန်လည် ဖြစ်ပွားခဲ့ပြီး တပ်မတော်၏ လက်နက်ကြီးများ ကျေးရွာအတွင်း ကျရောက်လာသဖြင့် ၆ နာရီမတုုိင်မီ TNLAက ပြန်လည် ဆုုတ်ခွာလုုိက်ရသည်ဟုလည်း မိုင်းအိုက်ကျော်က ပြောသည်။

ယင်းတုုိက်ပွဲအတွင်း တအာင်းတပ်မတော်ဘက်မှ တစ်ဦး ဒဏ်ရာရရှိကာ တပ်မတော်ဘက်မှ ၆ ဦး ကျဆုံုးမှုရှိခဲ့သည်ဟုု သိရကြောင်း TNLA ကလည်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများကြောင့် မုုိင်းယုုလေးကျေးရွာတွင် စစ်ပြေးဒုုက္ခသည် အနည်းဆုံုး ၄၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေသည် ဟုု သိရသည်။

TNLA သည် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများနှင့်အတူ တစ်နိုုင်ငံလုံုး ပစ်ခတ်တုုိက်ခုုိက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထုုိးရန် ဆွေးနွေးခဲ့သော်လည်း ယခင်အစုုိးရက လက်မခံခဲ့ပေ။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...