အကျင့်ပျက်ဝန်းထမ်းများကြောင့် တရားမဝင်ကုန်သွယ်မှုများဖြစ်နေဟု စီးပွားကူးသန်းဝန်ကြီးပြော

အကျင့်ပျက်ဝန်းထမ်းများကြောင့် တရားမဝင်ကုန်သွယ်မှုများဖြစ်နေဟု စီးပွားကူးသန်းဝန်ကြီးပြော
by -
မဇ္ဈိမ
တရားမဝင် ကုန်သွယ်မှုများဖြစ်ပေါ်နေခြင်းမှာ တရားဝင်တင်သွင်းသော ကုန်စည်များ နှင့် စျေးကွက်တွင် မမှန်မကန် ယှဉ်ပြိုင်လိုခြင်း မသမာသည့် ကုန်သည်နှင့် အကျင့်ပျက်ဝန်ထမ်းများကြောင့် ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

“ဌာနများ၏ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများ ကန် ့သတ်ချက်များကို ရှောင်လွှဲလိုခြင်း ၊ မသမာသည့် ကုန်သည် နှင့် အကျင့်ပျက် ၀န်ထမ်းများကြောင့် မှောင်ခိုဖြစ်ပေါ်ရခြင်း အချို ့ဒေသများတွင် နယ်မြေအေးချမ်းမှုမရှိခြင်းတို ့ ကြောင့် ဖြစ်ကြောင်း လေ့လာသုံးသပ်တွေ ့ရှိရပါတယ် ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ ့တွင်​ မန္တ​လေး ​တိုင်​း​ဒေသကြီး မဲဆန္ဒနယ်​ အမှတ်​ ၂ မှ ဦးထွန်​းထွန်​းဦး ​မေးမြန်​းသည်​့ Mobile Team ဖျက်​သိမ်​းပြီး​နောက်​ တရားမဝင်​ကုန်​သွယ်​မှုများ ပိုမိုတင်​သွင်​းလားခြင်​းကို တားဆီး ထိန်​းချုပ်​ အ​ရေးယူရန်​ အစီအစဉ်​ ရှိ မရှိ ​မေးမြန်​းခြင်​းအ​ပေါ် ပြည်​​ထောင်​စုဝန်​ကြီး ကပြန်​လည်​​​ဖြေကြားခဲ့ခြင်​း ဖြစ်​သည်။

 တရားမဝင် ကုန်သွယ်မှုများဖြစ်ပေါ်နေခြင်းမှာ ကုန်သွယ်ရေးစခန်းများကို ရှောင်ကွင်း၍ တရားဝင်တင်သွင်းခွင့်မပြုသော ကုန်ပစ္စည်းများကို တရားမဝင် တင်သွင်းနေခြင်း ၊ နိုင်ငံတော်သို့ ပေးသွင်းနေသည့် ကျသင့်အခွန်ငွေများကို မပေး ဆောင်လိုဘဲ အခွန်တိမ်းရှောင်လိုခြင်း ၊ တရားဝင်တင်သွင်းသော ကုန်ပစ္စည်းများ နှင့် မမှန်မကန် ယှဉ်ပြိုင်လိုခြင်း တို ့ ကြောင့် တရားမဝင် ကုန်သွယ်မှုများဖြစ်ပေါ်နေရခြင်းဖြစ်သည်ဟု ၀န်ကြီးက ဆိုသည်။

တရားမဝင် ကုန်သွယ်မှုများကို ထိန်းချုပ်သည့်အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစတင်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် (ဒီဇင်ဘာလ) အထိ Mobile Team အဖွဲ ့မှ အကောက်ခွန်အမှုတွဲပေါင်း (၈၅၂၉) မှု ၊ ကျပ်သန်းပေါင်း (၅၂၉၃၆) (ခန့်မှန်းတန်ဖိုး ) သိမ်းဆည်းအရေးယူခဲ့ကြောင်း ၀န်ကြီး၏ ပြောကြားချက်အရ သိရသည်။

Mobile Team အဖွဲ ့ဖျက်သိမ်းပြီးနောက် တရားမဝင် ကုန်သွယ်မှုများကို ရေရှည်တွင် ထိန်းချုပ်ရန် အကောက်ခွန် ကုန် သေတ္တာ ထိန်းချုပ်ရေး စနစ်ကျင့်သုံး၍ အလုံပိတ် ကုန်သေတ္တာတင်ယာဉ်များ အသုံးပြု သယ်ဆောင်ခြင်းစနစ် အကောင် အထည်ဖော်မည်ဟုလည်း ဆိုသည် ။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...