ISIS တို့ အန္တရာယ်ပြုမည့် ပစ်မှတ်တွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

ISIS တို့ အန္တရာယ်ပြုမည့် ပစ်မှတ်တွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်
by -
မဇ္ဈိမ
မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မလေးရှားနိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များကို အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ ISIS တို့၏ အန္တရယ်ပြုမည့် ပစ်မှတ်တွင် ထည့်သွင်းထားကြောင်း ရေးသားထားသည့်စာ မလေးရှားနိုင်ငံ Negri Sembilan ရဲစခန်းက ရရှိထားသည်ဟု စင်္ကာပူအခြေစိုက် Straits Times သတင်းစာက ရေးသားသည်။

အဆိုပါစာသည် ISIS တို့က အမှန်တကယ် ပေးပို့သည့် စာဟုတ်မဟုတ် မလေးရှားရဲတပ်ဖွဲ့က စုံစမ်းသွားမည်ဟု ဆိုထားသည်။ ISIS တို့ အန္တရယ်ပြုမည့် မလေးရှားနိုင်ငံ ထိပ်တန်းခေါင်းဆောင်များတွင် မလေးရှားဝန်ကြီးချုပ် နာဂျစ်အပါအဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် အခြား ထိပ်တန်းခေါင်းဆောင်များလည်း ပါဝင်သည်။

နှစ်မျက်နှာရှိသည့် စာတွင် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်၏ အမည်လည်း ပါဝင်ပြီး ပစ်မှတ်ထားခံရသည့် ခေါင်းဆောင်များ၏ ဓာတ်ပုံများကိုပါ အဆိုပါစာတွင် ပူးတွဲ ထည့်သွင်းထားသည်ဟု ဆိုသည်။

အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ ISIS အဖွဲ့ဝင်ဦးရေ ရ၀၀ ခန့် မလေးရှားနိုင်ငံ Negri Sembilan ခရိုင်အတွင်း ရှိနေသည်ဟု စာတွင် ရေးသားထားသော်လည်း မလေးရှား ရဲတပ်ဖွဲ့ကမူ အဆိုပါအချက်ကို အတည်မပြုပါ။ အဆိုပါ ရေးသားမှုမှာ ကြွားဝါရေးသားမှုသာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယုံကြည်သည်ဟု ဆိုသည်။

စာနှင့် ဓါတ်ပုံများပါ၀င်သော အညိုရောင်စက္ကူအိတ်ကို ယခုအခါ မှုခင်းဌာနသို့ ပေးပို့လိုက်ပြီဖြစ်သည်။

ယခုအခါ မလေးရှား ရဲတပ်ဖွဲ့က အဆိုပါ စာပေးပို့သူ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းစစ်ဆေးနေလျက်ရှိသည်ဟု သိရသည်။

" ဒီစာထဲမှာက ဘာလို့ နိုင်ငံ့ခေါင်းဆောင်တွေအပြင် ပြည်ပ ခေါင်းဆောင်တွေရဲ့ အမည်တွေပါ ပါနေရတာလဲဆိုတာကတော့ သိပ်ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး၊ ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် ဒီလို ခြိမ်းခြောက်ခံရလို့ ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ထိတ်လန့် နေရမှာမဟုတ်သလို ကိုယ့်လုပ်ရမယ့် တာဝန်အတိုင်း ကျေပွန်အောင် ဆက်လက်ထမ်းဆောင်ကြမှာပါ" ဟု မလေးရှား ရဲအရာရှိတစ်ဦးက ပြောကြားသွားသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...