ရေကြည်၌ အထက်တန်းကျောင်းအုပ်တစ်ဦး ငွေကြေးတောင်းခံ၍ လူမှုရေးဝန်ကြီးထံတိုင်

ရေကြည်၌ အထက်တန်းကျောင်းအုပ်တစ်ဦး ငွေကြေးတောင်းခံ၍ လူမှုရေးဝန်ကြီးထံတိုင်
by -
မဇ္ဈိမ
ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး
ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ မကျီးလဟာကျေးရွာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးမှ ဇွန်လ ကျောင်းဖွင့်ရာသီတွင်   ကျောင်းထွက်လက်မှတ် ယူသည့် ကျောင်းသားများထံမှ ၂၀၀၀၊ ၃၀၀၀၊ ၅၀၀၀ ကျပ် စသဖြင့် ကောက်ခံမှုရှိခဲ့သည်ဟုဆိိုကာ   ဧရာဝတီတိုင်းဒေသကြီးလူမှုရေးဝန်ကြီးထံ တိုင်ကြားထားကြောင်း သိရသည်။

"ကျောင်းအုပ်ကြီးဟာ အစိုးရထောက်ပံ့ပေးထားတဲ့ ငွေကြေးတွေကို ပွင့်လင်းမြင်သာစွာ သုံးစွဲမှုမရှိခြင်း၊ ကျောင်း ထောက်ပံ့ရေးကော်မတီတွေကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးနိုင်မှုမရှိခြင်း၊ နိုင်ငံတော် အခမဲ့ပညာရေးစနစ်ကို ဖော်ဆောင်ရာမှာ ဇွန်လဆန်းပိုင်း  ကျောင်းဖွင့်ရာသီမှာ ကျောင်းပြောင်းသွားတဲ့ ကျောင်းသားမိဘတွေဆီက ငွေကြေး တဉ်ီးနှစ်ထောင်၊ သုံးထောင်၊ ငါးထောင်ကောက်ယူမှုများ ရှိနေတယ်”ဟု မန်းကျည်းလဟာ ကျေးရွာနေသူ ဦးဇေယျာ ငြိမ်းချမ်းက ပြောသည်။

အဆိုပါ တိုင်ကြားမှုနှင့် ပတ်သက်၍ ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး က ပြောသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...