ငြိမ်းချမ်းရေးကော်မရှင် နဲ့ မိုင်းလားအဖွဲ့တို့ NRPC မှာတွေ့ဆုံဆွေးနွေး

ငြိမ်းချမ်းရေးကော်မရှင် နဲ့ မိုင်းလားအဖွဲ့တို့ NRPC မှာတွေ့ဆုံဆွေးနွေး
by -
မဇ္ဈိမ
 သြဂုတ်လ ၁ရက်နေ့ နေ့လည် တစ်နာရီခန့်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ NRPC ရုံးမှာ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့နှင့်အထူးဒေသ(၄) မိုင်းလား ငြိမ်းချမ်းရေးနှင့်စည်းလုံးရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်တဲ့အဖွဲ့တို့ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ယင်းဆွေးနွေးပွဲတွင် မိုင်းလားအဖွဲ့သည် နိုင်ငံတော်ကနေ ခွဲမထွက်ရေးမူအပါအဝင် အချက်ငါးချက်ကို ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးကော်မရှင်အနေနှင့်  နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်လည်ပြင်ဆင်သုံးသပ်သော အစည်းအဝေးကို မိုင်းလားအဖွဲ့ တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောပါတယ်။

 “နိုင်ငံရေးအခြေခံမူအနေနဲ့ ပြည်ထောင်စုက ခွဲမထွက်တဲ့မူကို ဆက်ပြီးတော့ ချုပ်ကိုင်ထားပါမယ်။ နောက်တစ်ခုက နိုင်ငံရေးဆွေးနွေးပွဲမှာ အားလုံးပါဝင်ရေးကို ဖော်ဆောင်သင့်ပါတယ်လို့ အကြံပြုပါတယ်” ဟု ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ဦးခင်ဇော်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

NCA စာချုပ်မှာ မိုင်းလားအဖွဲ့ လက်မှတ်ထိုးဖို့ကိစ္စ ဆွေးနွေးရာတွင် မိုင်းလားအဖွဲ့မှ ပြန်လည်တိုင်ပင်စရာများ ရှိနေသေးသည်ဟုဆို၍  မပြီးပြတ်သေးကြောင်း ဦးခင်ဇော်ဦးက ပြောသည်။ ဓာတ်ပုံ- ဦးလှမောင်ရွှေဖေ့စ်ဘုတ်

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...