ထိုင်းက စွန့်ပစ်ခံမြန်မာကလေးငယ်များအား တရားဝင်အသိအမှတ်ပြုရေး ထိုင်းအစိုးရကို လူ့အခွင့်အရေးအဖွဲ့တောင်းဆို

ထိုင်းက စွန့်ပစ်ခံမြန်မာကလေးငယ်များအား တရားဝင်အသိအမှတ်ပြုရေး ထိုင်းအစိုးရကို လူ့အခွင့်အရေးအဖွဲ့တောင်းဆို
by -
မဇ္ဈိမ
ထိုင်းနိုင်ငံ တက်ပြည်နယ်အတွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းက စောင့်ရှောက်ထားရသည့် စွန့်ပစ်ခံမြန်မာကလေးငယ် ၆၉ ဦးကို ထိုင်းအစိုးရအနေဖြင့် တရားဝင်အသိအမှတ်ပြုပေးရေး အမျိုးသားလူ့အခွင့်အရေးကော်မရှင်ခွဲရုံးက ဇူလိုင် ၃၁ ရက်၌ တောင်းဆိုလိုက်သည်။

မဲဆောက်ခရိုင်ရှိ စွန့်ပစ်ခံမြန်မာကလေးငယ်များအား စောင့်ရှောက်ထားသော စင်တာသို့ လူနည်းစုတိုင်းရင်းသားနှင့် နိုင်ငံမဲ့သူများအရေးလှုပ်ရှားသော ကော်မရှင်ခွဲရုံး၏ ဥက္ကဋ္ဌဖြစ်သူ ဆူရာပေါခွန်ချန်တစ်က ရောက်ရှိစဉ် ယင်းသို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ စောင့်ရှောက်နေသည့် စင်တာကို လူမှုလှုပ်ရှားမှုအမျိုးသမီးများ SAW အဖွဲ့က ဖွင့်လှစ်ထားခြင်းဖြစ်သည်။

အဆိုပါ ကလေးငယ်များမှာ အစိုးရ၏ တရားဝင်အသိအမှတ်ပြုခံထားသူများမဟုတ်၍ SAW အဖွဲ့အနေဖြင့် ၎င်းကလေးငယ်များအတွက် အကူအညီရှာရာတွင် အခက်အခဲဖြစ်ရကြောင်း ဆူရာပေါက ပြောသည်။

အစိုးရအေဂျင်စီများအနေဖြင့် ယင်းကလေးငယ်များ အဆောတလျင်အကူအညီများရရှိရေး အလေးထားသင့်ကြောင်းလည်း တိုက်တွန်းသည်။

နာမကျန်းသည့် မြန်မာအမျိုးသမီးများအားလည်း စောင့်ရှောက်မှုပေးလျက်ရှိသည့် SAW အဖွဲ့အား ကူညီသွားရန် ဖောင်ဒေးရှင်းတစ်ရပ် ထူထောင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...