ကမန်တိုင်းရင်းသားများကို ဘင်္ဂလီဟု သတ်မှတ်ပြီး NVC ကဒ် ကောက်ယူမှု စီစစ်ပေးရန် တောင်းဆို

ကမန်တိုင်းရင်းသားများကို ဘင်္ဂလီဟု သတ်မှတ်ပြီး NVC ကဒ် ကောက်ယူမှု စီစစ်ပေးရန် တောင်းဆို
by -
မဇ္ဈိမ
လူဝင်မှုကြီးကြပ်ရေးဌာနမှ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ကမန်တိုင်းရင်းသား ကျေးရွာများကို ဘင်္ဂလီ ကျေးရွာဟု သတ်မှတ်ကာ NVC ကဒ်များ ထုတ်ပေးနေမှုအပေါ် ရပ်တန့်ရန် ကမန်တိုင်းရင်းသား လူမှုကွန်ရက်က တောင်းဆိုလိုက်သည်။

"ကျွန်တော်တို့ ကမန်တိုင်းရင်းသားတွေဟာ ရခိုင်ဘုရင်လက်ထက်ကတည်းက ဒီမှာ ရွာတည်ပြီး နေလာကြတာပါ။ ဒါကို လဝက က ဘင်္ဂလီတွေနဲ့ သွေးနှောမှု ရှိတယ်ဆိုပြီး ဘင်္ဂလီတွေကို စီစစ်မယ့် NVC ကဒ်တွေကို ကမန်တိုင်းရင်းသားတွေကို ထုတ်ပေးခဲ့ပါတယ်။ ဒီကိစ္စတွေကို ရပ်တန့်ဖို့နဲ့ စီစစ်နိုင်ဖို့ ကျွန်တော်တို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စာပေးပို့ထားပြီး ဖြစ်ပါတယ်။ NLD က အဘဦးတင်ဦးကိုလည်း လူချင်းတွေ့ပြီး ကိုယ်တိုင် ပေးခဲ့တာပါ။" ဟု ကမန်တိုင်းရင်းသား လူမှုကွန်ရက် ဥက္ကဋ္ဌ ဦးထွန်းငွေက ပြောသည်။

NVC ကဒ် ထုတ်ပေးခံခဲ့ရသည့် ကျေးရွာများမှာ သံတွဲမြို့နယ်ရှိ လင်းသီကျေးရွာနှင့် ပေါက်တော ကျေးရွာများ ဖြစ်ကာ လူဦးရေ ၃၀ ခန့်ကို NVC ကဒ် ထုတ်ပေးခဲ့ကြောင်း သိရသည်။

"အဘ ဦးတင်ဦးနဲ့ လူချင်းတွေ့တဲ့အခါ သူ ရခိုင်မှာ တာဝန်ထမ်းဆောင်စဉ်က အဲဒီကျေးရွာတွေမှာ နေထိုင်သူတွေဟာ တကယ်ပဲ ကမန်တွေ ဖြစ်တယ် ဆိုတာ သိတယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အမှန်တရားတိုင်း ဖြစ်စေဖို့ သူ့အနေနဲ့ တိုက်တွန်းသွားမှာ ဖြစ်ကြောင်းလည်း ကျနော် စာသွားပေးခဲ့တုန်းက ပြောခဲ့ပါတယ်" ဟု ဦးထွန်းငွေက ပြောကြားခဲ့သည်။

သံတွဲမြို့နယ်တွင် ကမန် ကျေးရွာ ၁၉ ရွာရှိပြီး လူဦးရေ ၈၅၀၀ ခန့်ရှိကာ ရခိုင်တစ်ပြည်နယ်လုံးတွင် ကမန်တိုင်းရင်းသား ငါးသောင်းခန့် နေထိုင်ကြောင်း သိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...