လူငယ်ရေးရာမူဝါဒ ယခုနှစ်ကုန် ထွက်ပေါ်ရန် မျှော်မှန်းထား

လူငယ်ရေးရာမူဝါဒ ယခုနှစ်ကုန် ထွက်ပေါ်ရန် မျှော်မှန်းထား
by -
မဇ္ဈိမ
 နိုင်ငံတဝှမ်းရှိ လူငယ်များ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အစိုးရကဦးဆောင်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များဖြင့် ပူးပေါင်းကာ "လူငယ်ရေးရာမူဝါဒ" တစ်ရပ်ရေးဆွဲရန် ကြိုးပမ်းနေကြသည်။

လူငယ်ရေးရာမူဝါဒအား ယခုနှစ်ကုန်တွင် မူကြမ်းအနေဖြင့် ထွက်ပေါ်လာရန် မျှော်မှန်းထားသည်ဟု လူငယ်မူဝါဒဆိုင်ရာပြည်တွင်းအကြံပေး ဒေါက်တာနေဝင်းက ဇူလိုင်လ ၁၄ရက်က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် လူငယ်မူဝါဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တွင် မီဒီယာများကို ပြောသည်။

"ပြီးမှ ပြန်ပြင်ရမယ်ဆိုတာထက် တစ်ကယ်စိတ်ရှည်လက်ရှည်နဲ့ အချိန်ယူပြီးတော့ နောက်ကျသွားတာတော့ ပြဿနာမရှိဘူးလို့ ကျွန်တော်ထင်တယ်။ ဝန်ကြီးဌာနအနေနဲ့ကတော့ ဒီနှစ်ကုန်ကို မူကြမ်းတစ်ခုအဆင့်အနေနဲ့ ရောက်ချင်တယ်။ မှန်းထားတာတော့ ဒီနှစ်ထဲမှာ မူကြမ်းတစ်ခုတော့ထွက်ရင် ကောင်းမယ်ပေါ့" ဟု ဒေါက်တာနေဝင်းက ပြောသည်။

ကမ္ဘာပေါ်တွင် လူငယ်ရေးရာမူဝါဒချမှတ်ထားခြင်းမရှိသည့်နိုင်ငံများမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၀ကျော်သာရှိသည်ဟု သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်ကမူ "လက်တွေ့ဘဝနဲ့ ကိုက်ညီတဲ့၊ လူငယ်ထုကို အမှန်တစ်ကယ်အကျိုးပြုတဲ့ မူဝါဒကို ရေးဆွဲအကောင်အထည်ဖော်ဖို့ လိုပါတယ်" ဟု ဆိုသည်။

၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူဦးရေစုစုပေါင်း၏ ၁၇ဒသမ ၈၁ရာခိုင်နှုန်းမှာ အသက် ၁၅မှ ၂၄နှစ်အကြားရှိ လူငယ်များဖြစ်ပြီး စုစုပေါင်းလူဦးရေ၏ ၂၇ဒသမ၈ ရာခိုင်နှုန်းမှာ အသက် ၁၀မှ ၂၄နှစ်အတွင်း လူငယ်နှင့် ဆယ်ကျော်သက်များ ဖြစ်ကြသည်။

အဆိုပါ လူငယ်ဦးရေအများစုမှာမူ ဆင်းရဲနွမ်းပါးမှု၊ ကျား၊ မ လူမှုကွာဟမှု၊ ပညာရေးလက်လှမ်းမမီမှု၊ နိမ့်ကျသော ကျန်းမာရေး၊ လိင်မှတစ်ဆင့်ကူးစက်သောရောဂါနှင့် အိတ်ချ်အိုင်ဗွီအန္တရာယ်၊ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ရခြင်း၊ မသန်စွမ်းမှု၊ လုံခြံုမှုမရှိသော နေရာထိုင်ခင်း၊ အကြမ်းဖက်မှုများနှင့် သင့်တော်သော အလုပ်အကိုင်မရရှိခြင်း စသည့် ပြဿနာများကို ရင်ဆိုင်နေရသည့်အတွက် လူငယ်မူဝါဒချမှတ်ရန် လိုအပ်သည်ဟု ဒေါက်တာနေဝင်းက ပြောသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...