အစွန်းရောက်မှုထင်မြင်ချက်များ ရှောင်ကြဉ်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်မှုထမ်းများအား သတိပေး

အစွန်းရောက်မှုထင်မြင်ချက်များ ရှောင်ကြဉ်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်မှုထမ်းများအား သတိပေး
by -
မဇ္ဈိမ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရခိုင်ပြည်နယ်သို့ ရောက်ရှိစဉ်အတွင်း ဘာသာရေးနှင့်ပတ်သက်သော အစွန်းရောက်သဘောထားအမြင်များ ဖော်ပြခြင်းကို ရှောင်ရှားကြရန် စစ်မှုထမ်းများအား သတိပေးလိုက်သည်။

ရေဘေးဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွင်း ဇူလိုင် ၁၃ ရက် ရခိုင်ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များနှင့် စစ်တွေမြို့၌ တွေ့ဆုံစဉ် အစွန်းရောက်ဝါဒအား ရှောင်ရှားရန် အလေးထားပြောသွားခြင်းဖြစ်သည်။

"ကိုယ့် ကိုးကွယ်ရာဘာသာနဲ့ ယဉ်ကျေးမှုအတွက် အစွန်းရောက်ခြင်းမရှိစေရဘဲ ဘယ်သူမဆို တရားမျှတစွာ ကာကွယ်သွားနိုင်ရမှာဖြစ်တယ်။"ဟု ဗိုလ်ချုပ်မှူးကြီး၏ ပြောဆိုချက်ကို ဇူလိုင် ၁၃ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်​၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၂သန်းကျော် ရှိရာ ၈၇ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာကိုးကွယ်ပြီး ကျန် ၁၃ရာခိုင်နှုန်းအနက် ခရစ်ယာန် ၆ ရာခိုင်နှုန်း၊ အစ္စလာမ် ၄ရာခိုင်နှုန်း နှင့် အခြားကိုးကွယ်မှု အနည်းငယ်ရှိရာ မည်သူမဆို မိမိဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကို အစွန်းမရောက်သော လုပ်ဆောင်မှုဖြင့် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...