တရားဝင်ပထမဆုံး ကျင်းပခွင့်ရသည် ယင်း အခမ်းအနားကို ရတနာပုံကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး စာရေးဆရာ မောင်မှိုင်းလွင်(အင်းဝ)နှင့် စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)တို ့က တက်ရောက် ဟောပြောခဲ့သည်။
ယခုပွဲမျိုးကျင်းပနိင်ခြင်း ကောင်းမွန်သည့်လက္ခဏာဖြစ်ပြီး ကျောင်းသာများအနေဖြင့် စည်းကမ်းတကျလုပ်တတ်သော အလေ့အကျင့်များရန်ိင်ကြောင်း ပါ၀င်သည့်ကျောင်းသားများအနေဖြင့် အဖွဲ ့အစည်းတစ်ခုကို ဦးဆောင်သည့် အတွေ့အကြံုကောင်းများရရှိနိင်ကြောင်း အခမ်းအနားကို တက်ရောက်သူ ရတနာပုံတက္ကသိုလ်၏ အင်္ဂလိပ်စာဌာနကထိက ဦးသုတက မှတ်ချက်ပြုပြောဆိုသည်။
“အာဏာရှင် အစိုးရလက်ထက်တွေမှာတော့ဒီပွဲက မကျင်းပနိုင်ခဲ့ဘူး ဒါက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အာဏရပြီးနောက်မှာ ပထမဆုံးကျင်းပတဲ့ပွဲဖြစ်ပါတယ်။” မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ ၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဦးသုတဆိုသည်။
စာပေဟောပြောပွဲ ပါ၀င်သည့်အတွက် လက်ရှိ ရသစာပေ၏အခြေအနများသာမက 7 ဇူလိုင်၏ သမိုင်း ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းများကို ကျောင်းသားလူငယ်သိခွင့်ရသည်ဟု သူကဆိုသည်။







