အစုုိးရဘက်မှ ဒေါက်တာ တင်မျိုးဝင်းဦးဆောင်သော ကုုိယ်စားလှယ် ရ ဦးနှင့် ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ဖွဲ့စည်းထားသော DPN ခေါင်းဆောင် ခူဦးရယ်နှင့် အဖွဲ့ဝင်များ အပါအဝင် ၆ ဦးတုုိ့နှင့် ရန်ကုုန်မြို့ အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟုုိဌာန(NRPC) ရုံုးတွင် တွေ့ဆုံုဆွေးနွေးမည် ဖြစ်ကြောင်း ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုုပင်လုံု အကြိုပြင်ဆင်ရေးဆပ်ကော်မတီမှ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။
“သူတိုု့ မနက်ဖြန် ရောက်ပြီးတော့ ၁ ရက်နေ့မှာမှ ရုံုးမှာ ဆွေးနွေးဖုုိ့ ညှိနှိုင်းထားတယ်။ သူတုုိ့အနေနဲ့ အရင်က မေးထားတာ သိလုုိတာ ၊ ထပ်ပြီးတော့ သေချာချင်လုုိ့ ကျနော်တိုု့ မေးမယ့်ဟာတွေရှိမယ်။ ယူအန်အက်ဖ်စီ ခေါင်းဆောင်တွေကုုိ ဒေါက်တာတင်မျိုးဝင်းတုုိ့ အနေနဲ့ ဒေါ်အောင်ဆန်းစုုကြည်နဲ့ တွေ့ဆုံုနုုိင်ဖုုိ့ ဖိတ်ကြားထားတာရှိတယ်။ အဲဒီအတွက် ကြိုတင်ပြီးတော့ ပြင်ဆင်တဲ့ လုုပ်ငန်းရပ်တွေပါမယ်လုုိ့ ထင်ပါတယ်”ဟုု ဦးလှမောင်ရွှေက မဇ္စျိမကုုိ ပြောသည်။
လာမည့် ဇူလုုိင်လဆန်းပုုိင်းတွင် ဒေါ်အောင်ဆန်းစုုကြည်နှင့် UNFC ခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံုရန် ပြင်ဆင်ထားသဖြင့် ကြိုဆင်ပြင်ဆင်ခြင်းလည်း ဖြစ်သည်ဟုု သူက ပြောသည်။
အစိုုးရ ကုုိယ်စားလှယ်များနှင့် DPN ကုုိယ်စားလှယ်များ တွေ့ဆုံု၍ ငြိမ်းချမ်းရေးဖြစ်စဉ်ကုုိ ဆက်လက် ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆွေးနွေးသည့် အကြိုညှိနှိုင်းဆွေးနွေးခြင်းလည်း ဖြစ်သည်ဟုု DPN ခေါင်းဆောင် ခူဦးရယ်က ပြောသည်။
“အဓိကတော့ ပထမအကြိမ် ချင်းမုုိင်မှာ တွေ့ဆုံုတုုန်းက ကျနော်တုုိ့ပြောခဲ့ဆုုိခဲ့တာနဲ့ ပတ်သက်ပြီးတော့ ကျနော်တိုု့ follow up လုုပ်မယ့်သဘောမျိုးပါပါတယ်။ နောက် ယူအန်အက်ဖ်စီ ခေါင်းဆောင်တွေအနေနဲ့ နုုိင်ငံတော် အတုုိင်ပင်ခံ ပုုဂ္ဂိုလ်နဲ့ တွေ့ဆုံု မယ်ဆုုိတဲ့ ကိစ္စကုုိလည်း အစိုုးရဘက်က ဖိတ်ကြားထားတာရှိတဲ့ အခါကြတော့ ဒီခရီးစဉ် အခြေအနေလေးတွေလည်း ညှိနှိုင်းဆောင်ရွက်ဖိုု့ ရှိပါတယ်။ နောက်ရှေ့ဆက် တွေ့ဆုံုဆွေးနွေးရေးကိစ္စကုုိလည်း ကျနော်တုုိ့ ဆွေးနွေးမှာဖြစ်တယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်။
DPN အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက် ဆောင်ရွက်၊ အကောင်အထည်ဖော်ရန် မူလတပ်ပေါင်းစုု၏ ချမှတ်ထားသည့် ပေါ်လစီအတုုိင်း ဆက်လက် လုုပ်ဆောင်နေခြင်း ဖြစ်သည်ဟုု သူက ပြောသည်။
ဇွန်လ ၃ ရက်က ဒေါက်တင်တင်မျိုးဝင်း ဦးဆောင်သောအဖွဲ့နှင့် DPN တုုိ့ အလွတ်သဘော တွေ့ဆုံုစဉ် ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံနှင့် နုုိင်ငံရေး ဆွေးနွေးပွဲတွင် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများ အားလုံုး ပါဝင်နုုိင်ရေးနှင့် ပတ်သက်၍ DPN ဘက်မှ မေးမြန်း တင်ပြခဲ့ခြင်း ဖြစ်သည်။
မနက်ဖြန် ဇွန်လ ၃၀ ရက်တွင် DPN ခေါင်းဆောင် ခူဦးရယ်၊ ဗုုိလ်ချုပ်စုုိင်းထူး၊ ဗုုိလ်မှူးကြီး ဆော်လမွန်၊ ဗုုိလ်မှူးကြီးမင်းထွန်း၊ ဒေါက်တာ နုုိင်ရွှေသိန်းနှင့် တာ့ညီလူတုုိ့ ၆ ဦး သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုုနှစ် ဖေဖော်ဝါရီလက ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)ကုုိ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိNCA လက်မှတ်မရေးထုုိးသေးသော တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထာသည်။







