ကျိုက်ထီးရိုးတွင် ခွင့်ပြုချက်ထက် ပိုဆောက်ထားသည့် တည်းခိုခန်းများ တစ်လအတွင်း ဖျက်သိမ်းရမည်

ကျိုက်ထီးရိုးတွင် ခွင့်ပြုချက်ထက် ပိုဆောက်ထားသည့် တည်းခိုခန်းများ တစ်လအတွင်း ဖျက်သိမ်းရမည်
by -
မဇ္စျိမ
(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)
(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ သမိုင်းဝင် ကျိုက်ထီးရိုးစေတီတော်တည်ရှိရာ ကျိုက်ထီးရိုးတောင်ပေါ်တွင် အစိုးရ၏ ခွင့်ပြုချက်ထက် ပိုမိုဆောက်လုပ်ထားသော တည်းခိုခန်းများအား တစ်လအတွင်း ဖျက်သိမ်းရန် ပြည်ထောင်စုအစိုးရအဖွဲ့က ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။

ဇွန်လ ၂၇ရက်က နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ပြုလုပ်သော ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာ လုပ်ငန်းအစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက "ဒီနေ့ကစပြီး တစ်လအတွင်းမှာ အပြီးဖျက်သိမ်းရမယ်။ တစ်ကယ်လို့ ဆုံးဖြတ်ချက်ကို နာခံဖို့ ပျက်ကွက်ခဲ့လို့ရှိရင် ဒီတောင်ပေါ်မှာရှိတဲ့ အဲ့ဒီပုဂ္ဂိုလ်ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေအကုန်လုံးကို ရပ်ဆိုင်းရမယ်" ဟု အစည်းအဝေးအပြီးတွင် ပြောသည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျိုက်ထီးရိုးစေတီသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင် ညအိပ်ခရီးစဉ် သွားရောက်ခဲ့ကြောင်း၊ အဆိုပါ ခရီးစဉ်အတွင်း စစ်ဆေးရာတွင် ရိုးရိုးလေးအမည်ရှိ ကုမ္ပဏီအား ဟိုတယ်ဆောက်လုပ်ခွင့်ပြုထားသည်မှာ ၁၃၅ခန်းဖြစ်ကြောင်း၊ သို့သော်လည်း ၁၃၅ခန်းအပြင် ခွင့်ပြုချက်မရှိဘဲ ၁၀၆ခန်းပိုနေကြောင်း၊ အဆိုပါ ၁၀၆ခန်းကို အမြန်ဖျက်သိမ်းဖို့ဆိုပြီး ဝန်ကြီးက ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးကစပြီး အဆိုပါ ၁၀၆ခန်းအား တစ်လအတွင်း ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်ကြောင်း သူရဦးအောင်ကိုက ဆိုသည်။

အစည်းအဝေးတွင် ခွင့်ပြုချက်ထက်ပိုဆောက်ထားသည့် ဟိုတယ်၊ တည်းခိုခန်းများအား တစ်လအတွင်း ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သလို ကျိုက်ထီးရိုးစေတီတော်၏ ဂေါပကအဖွဲ့ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သေးသည်။ ယနေ့ကစပြီး လက်ရှိဂေါပကအဖွဲ့အား အသစ်ပြန်လည်မဖွဲ့စည်းမီကာလအထိ ယာယီဂေါပကအဖြစ် သတ်မှတ်ထားမည် ဖြစ်သည်။

အစည်းအဝေးသို့ သူရဦးအောင်ကိုအပါအဝင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်ကို တွေ့ရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...