တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါသည့် ထိပ်သီးအစည်းအဝေး ကျင်းပမည်

တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါသည့် ထိပ်သီးအစည်းအဝေး ကျင်းပမည်
by -
မဇ္စျိမ
ဓာတ်ပုံ- အောင်မိုးမြင့်
ဓာတ်ပုံ- အောင်မိုးမြင့်
တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများ အားလုံုး ပါဝင်သည့် ထိပ်သီးအစည်းအဝေးသိုု့ တက်ရောက်ရန် တုုိင်းရင်းသား လက်နက်ကုုိင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(EAO Peace Process Steering Team-EAo PPST)၏ နှစ်ရက်ကြာ အစည်းအဝေးတွင် သဘောတူ ဆုံုးဖြတ်လုုိက်ကြောင်း သိရသည်။

တစ်နုုိင်ငံလုုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA)တွင် လက်မှတ် မရေးထုုိးသေးသည့် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများက ၂၁ ရာစုုပင်လုံု ညီလာခံမတုုိင်မည် ကျင်းပမည့် ထိပ်သီးအစည်းအဝေးသုုိ့ ပူးပေါင်းတက်ရောက်ရန် ဆွေးနွေးညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

“PPST ရဲ့ လုုပ်ငန်းစဉ်တွေကုုိ ဆွေးနွေးပါတယ်။ PPST အနေနဲ့ ရှေ့ဆက်ပြီးတော့ JMCနဲ့ UPDJC တုုိ့ရဲ့ လုုပ်ငန်းတွေကုုိ ရှေ့ဆက် မယ်ဆုုိတဲ့ ကိစ္စတွေပါ ဆွေးနွေးခဲ့ပါတယ်။ လာမည့် မကြာတဲ့ကာလမှာ တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများ အားလုံုး ပါဝင်တဲ့ ထိပ်သီးအစည်းအဝေး ခေါ်ဖုုိ့လည်း ဆွေးနွေးကြတာရှိပါတယ်။ အဲဒီအပေါ်မှာ PPST ကနေ ထောက်ခံ အားပေးတဲ့ အကြောင်း ကျနော်တုုိ့ တက်တက်ကြွကြွပါဝင်မယ့်အကြောင်း ဆွေးနွေးခဲ့ပါတယ်၊ ကျနော်တုုိ့ အားလုံုးအတူတကွ ပါဝင်ဖုုိ့ ညှိနှိုင်းတဲ့ အနေအထားမျိုး ဖြစ်တယ်”ဟုု ချင်းအမျိုးသား တပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောသည်။

NCA တွင် လက်မှတ်ရေးမထုုိးထားသည့် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများ အားလုံုး နုုိင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်လာနုုိင်ရန်နှင့် ပြည်ထောင်စုု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်လာနုုိင်ရန်အတွက် ထိပ်သီးအစည်းအဝေးသုုိ့ တက်ရောက်ခြင်း ဖြစ်သည်ဟုု သူက ပြောသည်။

ထုုိ့ပြင် လာမည့် ဇွန်လ ၂၈ ရက်တွင် နုုိင်ငံတော်အတုုိင်ပင်ခံ ဒေါ်အောင်ဆန်းစုုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံုမည် ဖြစ်ပြီး နုုိင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်တိုု့နှင့် တွေ့ဆုံုဆွေးနွေးခွင့် ရနုုိင်ရန် ကမ်းလှမ်းထားသည်ဟုု သူက ပြောသည်။

“နိုင်ငံတော် အတုုိင်ပင်ခံနဲ့ တွေ့တဲ့အခါ ၂၁ ရာစုုပင်လုံု ညီလာခံနဲ့ ပတ်သက်ပြီးမှ အဓိက ဆွေးနွေးဖုုိ့ ရှိပါတယ်။ သမ္မတနဲ့ ကာချုပ်နဲ့တွေ့ဖိုု့က ကျနော်တိုု့ ကမ်းလှမ်းထားတာ ရှိပါတယ်။ ကာချုပ်နဲ့ တွေ့တဲ့အခါမှာ ကျနော်တိုု့ တုုိင်းပြည်ရဲ့ အပြောင်း အလဲမှာ တပ်မတော်ရယ်၊ အစုုိးရရယ် ဆက်သွယ်ပြီးတော့ ကျနော်တိုု့ တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့ အစည်းတွေနဲ့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ အပစ်အခတ် ရပ်စဲရေးတွေ လုုပ်ထားတဲ့အတွက် တပ်မတော်နဲ့ တွေ့ဖုုိ့က အင်မတန်မှ အရေးကြီး ပါတယ်။ ဒါကြောင့် ဒီကိစ္စကုုိ ဆွေးနွေးကြဖုုိ့ အပြန်အလှန် နားလည်မှု ရှိကြဖုုိ့ အဓိက တွေ့ချင်တဲ့ ကိစ္စ ဖြစ်ပါတယ်”ဟုု ပူးဇင်ကျုံးက ပြောသည်။

တုုိင်းရင်းသား လက်နက်ကုုိင်တော်လှန်ရေးအဖွဲ့အစည်းများ အားလုံုးပါဝင်သည့် ထိပ်သီးအစည်းအဝေးကုုိ တရုုတ်-မြန်မာနယ်စပ် ကချင််လွတ်လပ်ရေးအဖွဲ့ (KIO)ထိန်းချုပ် နယ်မြေ မုုိင်ဂျာယန်တွင် ကျင်းပရန် လျာထားသော်လည်း နေရာနှင့် အသီးချိန်ကိုုမူ ထိပ်အစည်းအဝေး ကျင်းပရေးကော်မတီ ဖွဲ့စည်း၍ ဆုံုးဖြတ်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

PPST အနေဖြင့် ဒေါ်အောင်ဆန်းစုုကြည်နှင့်တွေ့ဆုံခြင်းမှာ ပထမဆုံုးအကြိမ် တွေ့ဆုံုခြင်း ဖြစ်ပြီး ပစ်ခတ်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) နှင့် ပြည်ထောင်စုု ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲကော်မတီ(UPDJC) ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံုဆွေးနွေးခဲ့သည်။

ထုုိတွေ့ဆုံုပွဲသုုိ့ NCA လက်မှတ်ရေးထုုိးထားသော တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၈ ဖွဲ့မှ ခေါင်းဆောင် ၈ ဦးနှင့်အတူ အားလုံုး ၂၂ ဦး သွားရောက်မည် ဖြစ်ကြောင်း PNLO မှ ဗုုိလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“နိုင်ငံအကြီးအကဲတွေနဲ့ တွေ့ဖိုု့ ခရီးစဉ်စီစဉ်တာရှိတာပါတယ်။ ၂၁ ရာစုု ပင်လုံုညီလာခံ၊ ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ ဘယ်လုုိ တက်ရောက် ပြင်ဆင်မလဲဆုုိတာပါတယ်။ အပစ်မရပ်သေးတဲ့ အဖွဲ့အစည်းတွေနဲ့ ညီလာခံကြီးတခုုခေါ်တဲ့အခါမှာ ကျနော်တိုု့လည်း ပူးပေါင်းပါဝင်မယ်ဆုုိတဲ့ အခြေခံ ၃ချက်ပါဘဲ”ဟုု သူက မဇ္ဈိမကုုိ ပြောသည်။

ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့မှ Holiday Inn ဟုုိတယ်တွင် ဇွန်လ ၂၄ ရက်နှင့် ၂၅ ရက်များတွင် PPST ၏ အစည်းအဝေး ကျင်းပခဲ့ခြင်း ဖြစ်သည်။

PPST ကုုိ ပြီးခဲ့သည့် မတ်လကုုန်ပုုိင်းက NCA လက်မှတ်ထုုိးထားသော အဖွဲ့ ၈ ဖွဲ့၏ ဒုုတိယအကြိမ် ထိပ်သီး အစည်းအဝေးတွင် ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌအဖြစ် ကရင်အမျိုးသားအစည်းအရုံုး(KNU)၏ ဥက္ကဋ္ဌ ဗုုိလ်ချုပ်ကြီး မူတူးစေးဖုုိးက ခေါင်းဆောင်ဖြစ်ပြီး ဒုုတိယ ခေါင်းဆောင်အဖြစ် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဒုု ဗုုိလ်ချုပ်ကြီး ယွက်ဆစ်က တာဝန်ယူခဲ့သည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...