၂၁ ရာစု ပင်လုံညီလာခံအတွက် ရခိုင်ပါတီ ပြင်ဆင်နေ

၂၁ ရာစု ပင်လုံညီလာခံအတွက် ရခိုင်ပါတီ ပြင်ဆင်နေ
by -
မဇ္စျိမ
၂၁ ရာစု ပင်လုံညီလာခံသို့ ရခိုင်အမျိုးသားပါတီအနေနှင့် မူဘောင်များ တင်သွင်း ဆွေးနွေးနိုင်ရေးအတွက် ဗဟိုကော်မတီ အစည်းအဝေးတစ်ရပ်ကို လာမည့် ဇူလိုင် ၁ ရက်နှင့် ၂ ရက်နေ့များတွင် ပြုလုပ်သွားမည် ဖြစ်သည်။

“ အစည်းအဝေးခေါ်ရခြင်း အဓိက အကြောင်းရင်းကတော့ အခုနိုင်ငံတော် အစိုးရကြေညာထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ဖိတ်ခေါ်တဲ့အခါမှာ ကျွန်တော်တို့ပါတီအနေနဲ့ အခြားတိုင်းရင်းသား ညီအစ်ကိုပါတီများနည်းတူ ဘယ်လိုနိုင်ငံရေး မူဘောင်တွေကို ရပ်တည်ဆွေးနွေးသွားမလဲဆိုတာအတွက် ကြိုတင်ပြင်ဆင်တဲ့ သဘောပါ။" ဟု ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က မဇ္စျိမကို ပြောသည်။

ရခိုင်အမျိုးသားပါတီသည် လက်ရှိတွင် ပြည်နယ်လွှတ်တော်တွင်း ၂၃ နေရာအထိ အနိုင်ရရှိထားပြီး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွင်း တတိယအများဆုံး နေရာရရှိထားသော အစိုးရအဖွဲ့တွင် ပါ၀င်ခြင်း မပြုသည့် ပါတီတစ်ခု ဖြစ်သည်။

၂၁ ရာစု ပင်လုံညီလာခံတွင် ၁၉၄၇ ခုနှစ် ပင်လုံစာချူပ်တွင်ပါ၀င်ခဲ့သော ကတိကဝတ်တချို့ကို ပြန်လည် ပြုပြင် ထည့်သွင်းခွင့်ရရှိလိမ့်မည်ဟု တိုင်းရင်းသား နိုင်ငံရေးပါတီ၊ လက်နက်ကိုင်တပ်ဖွဲ့များက မျှော်လင့်ထားကြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အတွက် နိုင်ငံရေးဆွေးနွေးပွဲတွင် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် အဓိက ကဏ္ဍ ငါးခုပါဝင်မည်ဖြစ်ပြီး နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ မပါဝင်ဘဲ ကျန်သည့်ကဏ္ဍသုံးခုတွင် CSO များကို အလေးထားပြီး ပါဝင်ဆွေးနွေးရန် အကြမ်းဖျဉ်း စဉ်းစားထားကြောင်း  ဇွန်လ ၂၁ ရက်မှ ၂၂ ရက်နေ့ထိ ကျင်းပခဲ့သော အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ (၁၃) ကြိမ်မြောက် ငြိမ်းချမ်းရေး ဖိုရမ်အရ သိရသည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...