ဇွန်လ ၂၄ ရက် ညနေပုုိင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မဒီရာဟုုိတယ်တွင် ကချင်ပြည်နယ်ရှိ အမျိုးသမီးအရေးဆောင်ရွက်နေသည့်အဖွဲ့၊ ရှေ့နေများ၊ စစ်ပြေးဒုုက္ခသည်အား ကူညီ ထောက်ပံ့ပေးနေသည့် Joint strategy Team မှ ကချင်ခရစ်ယာန်အဖွဲ့ချုပ်(KBC)၊ မေတ္တာဖောင်ဒေးရှင်း၊ ငြိမ်းဖောင်ဒေးရှင်းစသည့် အဖွဲ့အစည်းများမှ ကုုိယ်စားလှယ်များက မစ္စယန်ဟီးလီနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့တင်ပြခဲ့ခြင်း ဖြစ်သည်။
“ကျမက အမျိုးသမီး အခွင့်အရေးဆုံုးရှုံးမှု၊ အမျိုးသမီးတွေ လိင်ပုုိင်းဆုုိင်ရာ အကြမ်းဖက်ခံရမှုတွေ အရမ်းရှိနေလုုိ့ တုုိက်ပွဲတွေ ရပ်တန့်ပေးဖုုိ့၊ စစ်တပ်နဲ့ ပတ်သက်လုုိ့ အမှုရင်ဆုုိင်ရတဲ့အခါ အရေးယူလုုိ့ မရတဲ့ကိစ္စတွေ၊ ဒါက လူ့အခွင့်အရေး ချိုးဖောက်မှု ဘယ်လောက်ရှိတယ်ဆုုိတာတွေ ပြောပြတယ်”ဟုု ကချင်ပြည်နယ် အမျိုးသမီးများ ကွန်ရက်မှ ဒေါ်နန်ပူက မဇ္စျိမကုုိ ပြောသည်။
ထုုိ့ပြင် ကချင်ပြည်နယ် လတ်တလော ကွန်ပျူတာသက္ကသုုိလ်ကျောင်းသား မောင်ဂွမ်ဆုုိင်းအောင် အသတ်ခံရမှု၊ ဖားကန့်မြိ့ုတွင် ရာအိမ်မှူး ဒေါ်နန္ဒာလှိုင် အသတ်ခံရမှု၊ ကာမုုိင်းမြို့တွင် အမျိုးသမီးကုုိယ်ဝန်သည်တစ်ဦး အသတ်ခံရမှုများသည် တရားဥပဒေ စုုိးမုုိးမှု မရှိခြင်းကြောင့်ဖြစ်ကြောင်းလည်း တင်ပြခြဲ့ကသည်။
“သူမေးတာက အရင်အစုုိးရထက် ဒီအစုုိးရ လက်ထက်မှာ ပုုိကောင်းလာသလားဆုုိပြီးမေးတယ်။ ကျမကတော့ ပုုိတောင် ဆုုိးလာတယ်။ အခုုထိလည်း အစုုိးရသစ်နဲ့ ကျမတုုိ့ တွေ့ဆုံု ဆွေးနွေးခွင့်မရဘူး။ သူတုုိ့ ဘက်ကနေလည်း ကျမတုုိ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဖိုု့ အထက်က ပိတ်ပင်ထားတာတွေ ရှိတယ်ဆုုိတာတွေကုုိ သူတိုု့ကုုိယ်တုုိင် ဗြောင်ပြောတယ်။ လတ်တလော အသတ်ခံရမှုတွေကုုိ တင်ပြတယ်။ တကယ် စိတ်မကောင်းပါဘူးလုုိ့ ပြောတယ်။ သူကတော့ သူ့အစီရင်ခံစာမှာ ထည့်ပေးမယ်။”ဟုု ဒေါ်နန်ပူက ပြောသည်။
စစ်ပြေး ဒုုက္ခသည်များအတွက် လုံုခြံုမှုမရှိခြင်း၊ စစ်ပြေးဒုုက္ခသည်များအား ထောက်ပံ့မှု လျော့နည်းလာမှုများ၊ မြန်မာ့တပ်မတော်ကြောင့် ပြည်သူလူထုု လုံုခြံုမှု မရှိခြင်းစသည့် အချက်များကုုိလည်း အဖွဲ့အစည်း အသီးသီးက တင်ပြခဲ့ကြောင်းလည်း သိရသည်။
“ကျနော်တိုု့ ဖားကန့်ဒေမှာ တော်တော်နစ်နာနေတဲ့ မြန်မာပြည်သားတွေရဲ့ အဖြစ်အပျက်တွေကုုိ တင်ပြခဲ့တယ်။ ကျနော်တိုု့ ဌာနေသားတွေ ကြံတွေ့နေရတဲ့ အခက်အခဲ ကုုမ္ဗဏီတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက် ဥပမာ မြေပြိုတာတိုု့ ရေကြီးရေ လျှံဖြစ်တာတုုိ့၊ ဗဟုုိက ချုပ်ကုုိင်တဲ့အတွက် စစ်တပ်က ချုပ်ကုုိင်ထားတဲ့အတွက် တရုုတ်ကုုမ္ဗဏီတွေ ရောက်လာတဲ့ အကြောင်းတွေ အဲဒါအဓိကထားပြီးတော့ တင်ပြဖြစ်ပါတယ်”ဟုု ကချင် အမျိုးသား လူမှုဖောင်ဒေးရှင်းအဖွဲ့မှ ဦးလမောင်လတောင်က ပြောသည်။
ကုုလသမဂ္ဂ အထူးကုုိယ်စားလှယ်သည် စစ်ပြေးဒုုက္ခသည်များနှင့် သွားရောက်တွေ့ဆုံုခဲ့သလိုု၊ ကချင်ပြည်နယ် အစုုိးရအဖွဲ့မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံုခဲ့ကြောင်း သိရသည်။
အစုုိးရသစ်လက်ထက် ပထမဆုံုးအကြိမ် ရောက်ရှိနေသော ကုုလသမဂ္ဂ၏ မြန်မာနုုိင်ငံဆုုိင်ရာလူ့ အခွင့်အရေး အခြေအနေဆုုိင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စယန်းဟီးလီ Yang hee lee သည် ဇွန်လ ၁၉ ရက်မှ ဇူလုုိင်လ ၁ ရက်နေ့ထိ ခရီးစဉ်အဖြစ် မြန်မာနုုိင်ငံတွင် ရောက်ရှိနေခြင်း ဖြစ်သည်။
သူ၏ ခရီးစဉ်တွင် အစုုိးရအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ လူ့အခွင့်ရေး ချိုးဖေါက်ခံရသူများနှင့် တွေ့ဆုံုမည် ဖြစ်ပြီး ရရှိလာသည့် အချက်အလက်များကုုိ အစီရင်ခံစာတစ်စောင် ပြုလုုပ်၍ လာမည့် ၂၀၁၆ ခုုနှစ် စက်တင်ဘာလတွင် နယူးယောက်မြို့၌ ကျင်းပမည့် ရ၁ ကြိမ်မြောက် ကုုသမသဂ္ဂ အထွေထွေ ညီလာခံတွင် ၄င်းအစီရင်ခံစာကုုိ တင်သွင်းမည် ဖြစ်သည်။
သူ၏ ခရီးစဉ်အတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရခုုိင်ပြည်နယ် စစ်တွေ၊ ရှမ်းပြည်နယ် လားရှိုး၊ ရန်ကုုန်၊ နေပြည်တော်တိုု့သို့ သွားရောက်မည် ဖြစ်ပြီး ယခုအကြိမ်သည် မြန်မာနုုိင်ငံသုုိ့ စတုုတ္ထအကြိိမ်မြောက် လာရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။
ကုလ ကိုယ်စားလှယ် မစ္စယန်ဟီးလီ၏ စစ်တွေ ခရီးစဉ် (ဓာတ်ပုံ - ကျော်မင်း/စစ်တွေ)







