ဝေါတွင် ခိုက်ရန်ဖြစ်ပွားရာမှ ဗလီ နှင့် နေအိမ်အချို့ပျက်ဆီး

ဝေါတွင် ခိုက်ရန်ဖြစ်ပွားရာမှ ဗလီ နှင့် နေအိမ်အချို့ပျက်ဆီး
by -
မဇ္စျိမ
ပဲခူးတိုင်း ဝေါမြို့ သူရဲသမိန်ကျေးရွာတွင် ဇွန် ၂၃ ရက်နေ့လည်က ခိုက်ရန်ဖြစ်ပွားရာမှ အစပြုကာ ဗလီ နှင့် နေအိမ်အချို့ ဖျက်ဆီးခံခဲ့ရသည်။

သူရဲသမိန်ကျေးရွာမှ ရွာသူ၊ ရွာသား ၂၀၀ ခန့်သည် ဇွန် ၂၃ရက် ညနေ ၃ နာရီခွဲခန့်တွင် ယင်းကျေးရွာရှိ ဘာသာရေးအဆောက်အအုံနှင့် အနီးရှိ နေအိမ်ပစ္စည်းများအား ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ညနေ ၄ နာရီ ခွဲခန့်တွင် လူစုကွဲသွားသည်ဟု သိရသည်။

အခင်းဖြစ်ပွားရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများသွားရောက်ကာ ညှိနှိုင်းဖြေရှင်းပေးလျက်ရှိပြီး တရား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေကြောင်း နိုင်ငံပိုင်သတင်းစာက ဖော်ပြထားသည်။

ဖြစ်စဉ်မှာ ဝေါမြို့နယ် သူရဲသမိန် ကျေးရွာတွင် ဇွန် ၂၃ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က ယင်းကျေးရွာရှိ ကျေးရွာသားအချို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သွားရောက် ထိန်းသိမ်းမှုကြောင့် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် လူစုကွဲခဲ့ပြီး ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရာရှစ်ဆိုသူမှာ ဝဲဘက်ချိုစောင်းတွင် အနည်းငယ် ဒဏ်ရာရရှိခဲ့သဖြင့် ကျေးရွာရှိ တိုက်နယ်ဆေးရုံတွင် ဆေးကုသပေးခဲ့သည်ဟု သိရသည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...