ချင်းပြည်နယ် စီးပွားရေးလုပ်ငန်းများတွက် ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်မူကြမ်းကို ဂျာမနီ ဘက်က တစ်လအတွင်းရေးဆွဲမည်

ချင်းပြည်နယ် စီးပွားရေးလုပ်ငန်းများတွက် ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်မူကြမ်းကို ဂျာမနီ ဘက်က တစ်လအတွင်းရေးဆွဲမည်
by -
မဇ္စျိမ
ဓာတ်ပုံ -ဆလိုင်အိုက်ဇက်ခင်
ဓာတ်ပုံ -ဆလိုင်အိုက်ဇက်ခင်
ချင်းပြည်နယ်အတွင်း အသေးစား ၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက်  မဟာဗျူဟာရေးစီမံချက် ဖိုရမ်၏ ဆွေးနွေးညှိနှိုင်းမှုအရ အခြေခံလိုအပ်ချက် ၂၁ ချက်ထွက်ရှိခဲ့သည်ဟု ချင်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်စည်ပင်ဝန်ကြီး  ဆလိုင်းအိုက်ဇက်ခင်က မဇ္စျိမကို်ပြောသည်။

ဇွန်   ၁၅-၁၆ ရက်နေ့က ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် ပြုလုပ်ကျင်းပခဲ့သည့် မဟာဗျူဟာရေး စီမံချက်ရေးဆွဲရန်အတွက် အလုပ်ရုံဆွေးနွေးပွဲ မှ အချက် (၂၁) ချက်ပေါ်မှုတည်၍ ဂျာမနီနိုင်ငံမှ Friedrick Naumann Foundation စီးပွားရေး ပညာရှင်အဖွဲ့က တစ်လတွင်း မူကြမ်းရေးဆွဲသွားမည်ဟု ၄င်းကပြောသည်။

"အခုဖိုရမ် က အခြေခံအချက် ၂၁ ချက်ထွက်တယ်၊ အဲဒီ အချက်ပေါ်မှုတည်ပြီး ဂျာမနီဘက်က  ဘယ်လိုလုပ်မယ်ဆိုတာကို မူကြမး်ဆွဲမယ်။ ပြီးရင်  ကျွန်တော်တို့ ၀န်ကြီးဌာနကို ပို့မယ် အဲဒီကမှ ဘယ်ကဏ္ဍကို စတင်လုပ်ရင်အဆင်ပြေမယ်ဆိုတာကို ညှိန်ိှုုင်းအကောင်ထည်ဖော်မယ်"ဟု ၄င်းကပြောသည်။

ဖိုရမ်တွင် ဆွေးနွေးခဲ့ရာတွင်   လမ်းပန်းဆက်သွယ်ရေး ၊ လျှပ်စစ်မီး ပုံမှန်ရရှိရေး အပါအဝင် ရေလုပ်ငန်းများ ၊အသေးစားလုပ်ငန်းရှင်များ  အဓိကလိုအပ်ချက်များအပါအဝင် အချက် ၂၁ ချက်ကို ဆွေးနွေးခဲ့သည်ဟု ဦးတင်ညို (ဒုတိယညွန်ကြား ရေးမှူး၊ စက်မှုကြီးကြပ်၊ ချင်းပြည်နယ်)   ကမဇ္စျိမကို ပြောသည်။

လက်ရှိတွင် ချင်းပြည်နယ် စက်မှုဝန်ကြီးဌာနမှ   အသေးစားအလတ်စားလုပ်ငန်းရှင်များကို နည်းပညာပိုင်း သင်တန်းများပို့ချခြငး်အပါအဝင်၊  ဌာန member ကဒ်များပြုလုပ်ပေးခြငး်များကို စတင်နေပြီဟု ၎င်းကပြောသည်။

ထို့အပြင် ဂျာမနီ နိုင်ငံ Friedrick Naumann Foundation မှ ထွက်ရှိလာသည့် မူကြမ်းပေါ်မူတည်၍ အကောင်အထည် ဖော်ဆောင်ရေး ကော်မတီ ဖွဲ့ကာ ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားသည်ဟု ၎င်းကပြောသည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...