အသက်မပြည့်သေးသူများအား စစ်သားအဖြစ် စုဆောင်းမှုအတွက် အရာရှိအပါအဝင် စစ်သည်တပ်သား ၃၈၂ ဦးကို အပြစ်ပေး

အသက်မပြည့်သေးသူများအား စစ်သားအဖြစ် စုဆောင်းမှုအတွက် အရာရှိအပါအဝင် စစ်သည်တပ်သား ၃၈၂ ဦးကို အပြစ်ပေး
by -
မဇ္စျိမ
ကလေးစစ်သား စုဆောင်းမှုအတွက် တပ်မတော်အရာရှိ ရ၃ ဦးအပါအဝင် စစ်တပ်အမှုထမ်း ၃၈၂ ဦးကို အပြစ်ပေးအရေးယူထားကြောင်း တပ်မတော် ကလေးစစ်သား ကာကွယ်တားဆီးရေး ကော်မတီက ဇွန် ၂၁ ရက်က ပြောကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

မတ်လအတွင်းက မှားယွင်းကာ အသက်မပြည့်သေးဘဲ တပ်ထဲရောက်လာသူ ကလေးစစ်သား ၄၆ ဦးကိုလည်း တပ်မတော်က ပြန်လွှတ်ပေးခဲ့သည်။

ကော်မတီက ထုတ်ပြန်ရာတွင် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၁၂ ခုနှစ်မှစကာ ကလေးစစ်သား ရ၄၄ ဦးအား မိသားစုထံ ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ကြောင်း ဖော်ပြသည်။

၂၀၁၂ ဇွန်လအတွင်း မြန်မာအစိုးရက အသက် ၁၈ အောက် ကလေးငယ်များအား စစ်သားအဖြစ်စုဆောင်းခြင်း၊ စစ်တပ်အတွင်း စစ်မှုထမ်းအဖြစ် အသုံးပြုခြင်းများကို ကာကွယ်တားဆီးရန်နှင့် ပပျောက်စေရန် ကုလသမဂ္ဂနှင့် Joint Action Plan ကို သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...